ဂါဇာတိုက်ပွဲကြောင့် ကုလအမှုထမ်း ၁၀၀ ကျော်‌ေ-သဆုံးခဲ့ဟုဆို

0
244

ဂျီနီဗာ၊နိုဝင်ဘာ ၁၀

အစ္စရေး – ပါလက်စတိုင်းအရေးအခင်းအတွင်း ကုလသမဂ္ဂဝန်ထမ်းအယောက် ၁၀၀ ကျော်‌ေ-သဆုံးခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကထုတ်ပြန်ကြေညာခဲ့သည်။

အချို့အမှုထမ်းများသည် အစားအသောက်အတွက် ပေါင်မုန့်ရရန်တန်းစီနေစဉ် တိုက်ခိုက်ခံရမှုကြောင့်‌ေ-သဆုံးကြရပြီး အချို့မှာမူ မိသားစုဝင်များနှင့်အတူအိမ်ထဲ၌ပင်‌ေ-သဆုံးကြရသည်ဟုပြောကြားခဲ့သည်။

‌ေ-သဆုံးခဲ့ရသည့်ကုလအမှုထမ်းများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် လာမည့်တနင်္လာနေ့တွင် ဝန်ထမ်းများက တစ်မိနစ်ငြိမ်သက်ဂါရဝပြုမည်ဖြစ်ပြီး အဆိုပါနေ့တွင် အလံတိုင်တစ်ဝက်လွှင့်ထူမည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

ကုလဝန်ထမ်းစည်းမျဉ်းအရ ပဋိပက္ခအတွင်း‌ေ-သဆုံးသွားသူဝန်ထမ်းများအတွက် လျော်ကြေးငွေသာမက နာရေးစရိတ်နှင့် နှစ်စဉ်မိသားစုထောက်ပံ့ကြေးပေးရမည်ဖြစ်သော်လည်း မူလကတည်းက ဘဏ္ဍာရေးအကျပ်အတည်းရှိနေသည့် ကုလသမဂ္ဂဆိုင်ရာပါလက်စတိုင်းဒုက္ခသည်အေဂျင်စီအနေဖြင့်မူ ယခုနှစ်ကုန်အထိဝန်ထမ်းလခ ကိုပင် ပေးနိုင်ရန် မသေချာကြောင်းလည်းပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ထောက်ပံ့ရေးဝန်ထမ်းများ‌ေ-သဆုံးရခြင်းသည် ယခုပဋိပက္ခအတွင်းအများဆုံးဖြစ်ပြီး ဒုတိယ အများဆုံး အနေဖြင့် ၂၀၁၁ ခုနှစ်က နိုင်ဂျီးရီးယား၌ဖြစ်ပွားခဲ့သည့် အ‌ေ-သခံဗုံးခွဲမှုတွင်မူ ၄၄ ဦး‌ေ-သဆုံးခဲ့သည်။ယင်းအပြင် ဆူဒန်နှင့်အာဖဂန်တို့တွင်လည်းကုလ‌ဝန်ထမ်းများ‌ေ-သဆုံးမှုရှိခဲ့ကြောင်းသိရသည်။

Source : Reuters
Photo : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here