ကမ္ဘာ့ဖလား ခြေစစ်ပွဲ၊ အာရှဖလား ခြေစစ်ပွဲစဉ်များနှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝတ်ဆင်မည့် မြန်မာ့ လက်ရွေးစင် အသင်း ဂျာစီဒီဇိုင်းအသစ်မိတ်ဆက်

0
337

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များ၊ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ်များနှင့် ၂၀၂၃-၂၄ ခုနှစ် နိုင်ငံတကာ ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး အသင်းများ၊ သက်တမ်းအလိုက်အသင်းများ၊ ဖူဆယ်လက်ရွေးစင် အသင်းများ ဝတ်ဆင်မည့် ဂျာစီဒီဇိုင်းအသစ်အား နိုဝင်ဘာ ၁၁ ရက်တွင် စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။

ဂျာစီသစ်တွင် မြန်မာ့လက်ရွေးစင်အသင်း၏ လိုဂို အသစ်၊ ခေတ်အဆက်ဆက်အောင်မြင်မှုများနှင့် ရှေ့သို့တက်လှမ်းခြင်း Pattern များထည့်သွင်းထားကြောင်း သိရသည်။

အဆိုပါဂျာစီဒီဇိုင်းအသစ်အား လာမည့် နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပမည့် ဂျပန်နှင့်မြန်မာ အသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် (ဒုတိယအဆင့်)မှ စတင်ကာ မြန်မာ့လက်ရွေးစင်အသင်း ဝတ်ဆင်ကစားသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ့လက်ရွေးစင် အသင်း ဂျာစီများအား Warrix Myanmar မှတင်သွင်းဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ပြီး အသေးစိတ်အား Warrix Myanmar Facebook စာမျက်နှာတွင် ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here