ဂါဇာကမ်းမြောင်ဒေသတွင် လုံခြုံရေး ထိန်းချုပ်ရန် အစ္စရေးသည် စီစဉ်နေ

0
328

ဂါဇာကမ်းမြောင်ဒေသစစ်ဆင်ရေးအပြီး လုံခြုံရေး ထိန်းသိမ်းရန် အစ္စရေးက စီစဉ်နေပြီဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ပြောကြားသည်။

“ဟားမတ်စ်တွေကို အမြစ်ပြတ် ချေမှုန်းပြီးမှသာ အဲဒီနေ့ ရောက်လာမှာပါ။ ဂါဇာကို စစ်မဲ့ဒေသဖြစ်အောင် လုပ်သွားမှာ ဖြစ်ပြီး ဂါဇာကမ်းမြှောင်က အစ္စရေးအတွက် ခြိမ်းခြောက်မှု မရှိစေရတော့ဘူး”ဟု သူက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

အစ္စရေးတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်းမှ အစ္စရေးကို ခြိမ်းခြောက်မှုမှန်သမျှကို ရပ်တန့်ရန် လုပ်ဆောင်ပိုင်ခွင့်ကို သီးသန့်ထားရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ခြိမ်းခြောက်မှု မရှိစေရဘူးလို့ အာမခံဖို့အတွက်၊ လိုအပ်ရင် အချိန်မရွေး အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့တွေက ဂါဇာကမ်းမြောင်ဒေသမှာ လုံခြုံရေးကို ဆက်လက်ထိန်းသိမ်းထားမှာဖြစ်ပြီး၊ လုံခြုံရေး ထိန်းချုပ်မှု ကို အလျှော့မပေး ပါဘူး” ဝန်ကြီးချုပ်က ဆက်ပြောသည်။

ဂါဇာကမ်းမြှောင်မှ ဟားမတ်စ် စစ်သွေးကြွ များသည် အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံအတွင်းသို့ ကျုးကျော်ဝင်ရောက်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းတွင် အခြေအနေများ သိသိသာသာ မြင့်တက်လာခဲ့ကာ၊ နယ်စပ်အနီးရှိ အခြေချနေထိုင်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အစ္စရေးက ဂါဇာကမ်းမြှောင်ကို အလုံးစုံ ဝိုင်းရံထားပြီဟု ကြေညာထားပြီး ထိုဒေသနှင့် လက်ဘနွန်နှင့် ဆီးရီးယား၏ အစိတ်အပိုင်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်နေလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here