ထိုင်းနိုင်ငံ Klong Toey ဒိစတြိတ်တွင် သေနတ်ပစ်မှုဖြစ်ပွားသဖြင့် အမျိုးသမီးတစ်ဦးသေဆုံး

0
248

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Klong Toey ဒိစတြိတ်တွင် စနေနေ့ နံနက်ပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများ ရရှိကာ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ Sunthornkosa လမ်းရှိ TMBThanachart Bank (TTB) ဘဏ်ခွဲရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာနေရာတွင် လူနှစ်ဦး ဓားဖြင့်အထိုးခံရသည့် ဒဏ်ရာအပြင်းအထန်ရရှိသည်ကိုလည်း တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။ အချင်းချင်း အချေအတင်ဖြစ်ပြီးနောက် တက္ကသိုလ်ကျောင်းသားအုပ်စုကို အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မျက်မြင် သက်သေများက ပြောပြသည်။ သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်သူများသည် အခင်းဖြစ်ပွားရာမှ ရာမ ၄ လမ်းသို့အဆင်းတွင် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

သေနတ်ထိမှန်သေဆုံးသူမှာ Sacred Heart Convent School မှ ကွန်ပျူတာဆရာမ Sirada အမည်ရှိ အမျိုးသမီးဖြစ်သည်။ ဆရာမသည် နဖူးတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း ကြေညာခဲ့သည်။

ဆရာမ၏ နာရေးအခမ်းအနားကို နိုဝင်ဘာ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံ Suphan Buri ခရိုင်တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း Sacred Heart Convent School က သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here