သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်ကားမှတ်တိုင်အနီးတွင် ကားနှင့် ဘေးတွဲဆိုင်ကယ်တို့ တိုက်မိရာ က-လေးငယ်တစ်ဦး အပါဝင် (၄) ဦး ထိခိုက်ဒဏ်ရာရ

0
220

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီး ဘဝမြင့်ကားမှတ်တိုင်အနီးတွင် ကားနှင့် ဘေးတွဲဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားရာ က-လေးငယ်တစ်ဦး အပါဝင် (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Medical လူငယ်များ လူမှုကူညီရေးအသင်းမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီး ဘဝမြင့်ကားမှတ်တိုင် မဟာရန်ကုန်လက်ဖက်ရည်ဆိုင် အနီးတွင် နိုဝင်ဘာ (၁၁)ရက် ည (၈)နာရီခန့်က ကားနှင့် ဘေးတွဲဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားရာ Medical လူငယ်များ လူမှုကူညီရေးအသင်းမှ ကား(၂)စီးဖြင့် ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

“သင်္ဃန်းကျွန်း၊ လေးထောင့်ကန်လမ်းမကြီးပေါ် ဘဝမြင့်ကားမှတ်တိုင်အနီးမှာ ဆိုင်ကယ်ဘေးတွဲနဲ့ အိမ်စီးကား တိုက်မိတယ်လို့ သတင်းရပြီး လူနာများတယ် သိရလို့ အသင်းက ကား(၂)စီး ထွက်ခွာပြီး ထိခိုက်ဒဏ်ရာရ လူနာ(၄)ဦးကို စံပြဆေးရုံပို့ပြီး စိုးရိမ်ရ (၁)ဦးကို မြောက်ဥက္ကလာ မေဓါဝီဆေးရုံကို ဆက်လက် ပို့ဆောင်ပေးခဲ့ပါတယ်။”ဟု Medical လူငယ်များ လူမှုကူညီရေးအသင်းက ဆိုထားသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦး၊ က-လေးငယ် (၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနာများအား ငမိုးရိပ်ဂရုဏရှင်လူမူကူညီရေးအသင်းယာဉ်ဖြင့် စံပြဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ပို့ဆောင်ရာတွင် စိုးရိမ်ရ ထိခိုက်ဒဏ်ရာပြင်းထန် အမျိုးသား(၁)ဦးအား စံပြဆေးရုံမှ တစ်ဆင့် မြောက်ဥက္ကလာ မေဓါဝီဆေးရုံသို့ ရွှေသမီး လူနာတင်ယာဉ်ဖြင့် Medical လူငယ်များ လူမှုကူညီရေးအသင်း (ရန်ကုန်)မှ သွားရောက်ကူညီပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here