ဓာတ်ဆီဈေးနှုန်း မြင့်တက်လာ၊ ဆိုင်အချို့တွင် ဝယ်ယူ၍မရသေးဟုဆို

0
193

ယနေ့(နိုဝင်ဘာ ၁၂) ရက်နေ့တွင် ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရဓာတ်ဆီဈေးနှုန်း မြင့်တက်လာပြီးဆိုင်အချို့တွင် ဝယ်ယူ၍မရသေးကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ၉၂ တစ်လီတာ ၂၁၃၀ ကျပ်၊ ၉၅ တစ်လီတာ ၂၂၅၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၄၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၂၄၅ ကျပ်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ၆ ရက်မှ ၁၁ ရက်အထိ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၀၆၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၁၅ ကျပ်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ (၁၁) ရက်တွင် ရန်ကုန်မြို့တွင်းရှိ ဆီဆိုင်အချို့၌ ဆီပြတ်လပ်မှုများ ရှိခဲ့သော်လည်း ညပိုင်းတွင် ဆိုင်အချို့၌ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

သို့သော် ယနေ့နံနက်ပိုင်းတွင် ဆိုင်အချို့တွင် ဆီဝယ်ယူ၍မရသေးပဲ ရရှိသည့်ဆိုင်များတွင်လည်း အချိန်ကြာမြင့်စွာစောင့်ဆိုင်း၍ ဝယ်ယူရကြောင်း အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုအောင်ကျော်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here