ရာသီတုပ်ကွေးလား ကိုဗစ်လားသတိထား

0
204

ယခုတလော ရာသီအကူးအပြောင်းကာလတွင် ကိုဗစ်လက္ခဏာ ရှိသော အဖျားမျိုးဖျားနေကြသည်။

အိမ်သုံး နှာခေါင်းတို့ဖတ်ဖြင့် ကိုဗစ်စစ်ဆေးပါကလည်း positive မပြတတ်ပေ။

ထို့ကြောင့် ရာသီပြောင်းအဖျားကို မပေါ့ဆကြဘဲ ဆရာဝန်ထံ စောစီးစွာပြ၍ သင့်တော်သည့်ပိုးသတ်ဆေး၊ ချွဲပျော်ဆေး၊အဖျားကျဆေးများအချိန်မှီ သောက်မှ ဖျားရက်မရှည်မည်ဖြစ်သည်။

” ကျမတို့ ကလေးဆေးရုံမှာ ကလေးတွေဖျားလို့ စစ်ရင်တချို့ကလေးတွေဆို ကိုဗစ် စစ်လို့ပေါ်ပေမဲ့တချို့ကတော့ကိုဗစ်မတွေ့ဘဲလက္ခဏာကသာကိုဗစ်တွေနဲ့တူပြီးကာကွယ်ဆေးမထိုးထားပေမဲ့ antibody တက်နေတာတို့ကိုတွေ့ရတတ်တယ် ၊ဒါကိုကြည့်ရင် ကိုဗစ် ကူးစက်တယ်လို့ ပြောလို့ရပါတယ်” ဟု ကလေးအထူးကုဆရာဝန်တစ်ဦးကဆိုသည်။

“ဟိုတလောက လူနာတွေဖျားရင် အချိန်စောင့်ကြည့်လိုက်သေးတယ်၊ စောင့်မိတဲ့လူနာတွေက နမိုးနီးယားဖက်ပါ ကူးမလိုဖြစ်လာတာ သတိထားမိလာတော့ ခုဆို သံသယဖြစ်တာနဲ့ကို ပိုးသတ်ဆေး မြန်မြန်တင်တယ်၊ လူနာက ဆေးဦးရင် ၃ရက်လောက်နဲ့ သက်သာပါတယ်”ဟု သင်္ကန်းကျွန်းရပ်ကွက်တစ်ခုမှဆရာဝန်တစ်ဦးကရှင်းပြသည်။

“စဖြစ်တာက လည်ပင်းအအေးပတ်သလိုလို၊ လည်ချောင်းနာသလိုလိုကနေစဖြစ်တယ်၊ပြီးတော့နေလို့မကောင်းတော့တာပဲ၊ နောက်ရက် တနေကုန်နှာရည်ကျတယ်၊ နောက်တရက်ကျတော့ အသက်ရူထုတ်ရင် ရင်ဘတ်က အသံပါချင်နေတယ်၊မောလာတယ်၊တခြားသူတွေတော့ဘယ်လိုခံစားရတယ်မသိဘူး၊ခံတွင်းတော့လုံးဝမပျက်ဘူး”ဟု ကိုဗစ်စစ်သော်လည်းမပေါ်သည့်လူနာတစ်ဦးကပြောသည်။

“ရာသီတုတ်ကွေးကလည်းလက္ခဏာတူတယ်။ဒီအတိုင်းဘဲအဖျားကြီးချမ်းတုန်၊နှာစေးချောင်းဆိုးနဲ့ပိုဆိုးလာရင်နမိုးနီယား၊တချို့ကလည်းဝမ်းလျှောဝမ်းပျက်တာ၊အန်တာတွေဖြစ်ကြတယ်၊ဒါကြောင့် ဘာဘဲဖြစ်ဖြစ် တုတ်ကွေးကာကွယ်ဆေးတော့ထိုးထားသင့်တယ်၊တုတ်ကွေးကာကွယ်ဆေးထိုးထားရင်ဘယ်ဟာဖြစ်ဖြစ်ခံသာတယ် သက်သာတယ်”ဟုအထွေထွေကုသမားတော်တစ်ဦးကအကြံပြုသည်။

အချို့သောသက်ကြီးရွယ်အိုများလည်း ရာသီအပြောင်းတွင် အစာခြေဖျက်စနစ် သတိထားနေကြရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here