ရန်ကုန်တွင် CNG ဂတ်စ် နေ့စဉ် ကုဗပေသန်း (၂၀) နီးပါး ရောင်းချနေ

0
207

ရန်ကုန်တိုင်းဒေသကြီးတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အနေဖြင့် နေ့စဉ် CNG ဓာတ်ငွေ့ ကုဗပေသန်း (၂၀) နီးပါး ရောင်းချပေးနေကြောင်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးကျော်သူရဝင်းက နိုင်ငံပိုင်သတင်းဌာနသို့ ဖြေကြားထားသည်။

CNG သုံး မော်တော်ယာဉ် အစီးရေ (၃) သောင်းကျော်အတွက် နေ့စဉ်ကုဗပေသန်း ၂၀ နီးပါး ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာလနှင့် နိုင်ငံရေး အပြောင်းအလဲကာလများနောက်ပိုင်းတွင် ထွက်ရှိလာသည့် ယာဉ်အစီးရေများပြားလာသည့် အတွက် သဘာဝဓာတ်ငွေ့ အသုံးများပြားလာကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ သဘာဝဓာတ်ငွေ့အရောင်းဆိုင်များအတွက် ကုန်းတွင်းသဘာဝဓာတ်ငွေ့ကို ညောင်တုန်း၊ မအူပင်၊ အဖျောက်၊ ကမ်းလွန်သဘာဝဓာတ်ငွေ့ကို ဇောတိကသဘာဝဓာတ်ငွေ့အား အသုံးပြုနေကြောင်း သိရသည်။

ထို့ပြင် လက်ရှိအချိန်ထိ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ တစ်ကီလိုဂရမ်ကို ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here