ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရယ်ထန် ပြိုင်ဘက်ကို ဒိုင်အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ကာ ခါးပါတ်လက်လွှတ်ခဲ့ရ

0
188

မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ထီရယ်ထန်ဟာ ဒီကနေ့ တနင်္ဂနွေနေ့ နံနက်မှာ ကျင်းပတဲ့ All In Combat အဖွဲ့အစည်းရဲ့ Ban tam Weight Champion ခါးပါတ်လုပွဲမှာ ပြိုင် ဘက် ကစားသမားကို ရှုံးနိမ့်ပြီး ခါးပါတ် လက်လွှတ်လိုက်ရပါတယ်။

ထီရယ်ထန်ကို မြန်မာပရိသတ်တွေရဲ့ အသည်းကျော် အောင်လအန်ဆန် ကိုယ်တိုင် အနီးကပ်လေ့ကျင့်ပေးခဲ့တာဖြစ်ပြီး အောင်လအန်ဆန်ဟာ ဒီကနေ့မနက် ပွဲစဉ်တလျှောက်မှာလည်း ကြိုးဝိုင်းအနည်းကနေ အနီးကပ် အကြံဉာဏ်တွေ ပေးနေခဲ့တာကို တွေ့ရပါတယ်။

ဒီပွဲမှာ ထီရယ်ထန် ရှုံးနိမ့်ခဲ့ရတာနဲ့ ပတ်သက်ပြီးတော့လည်း ” စိတ်မကောင်းပါဘူး ၊ ငါတို့ အနိုင်မရခဲ့တဲ့အတွက်” လို့ အောင်လအန်ဆန်က သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် တောင်းပန် စကားဆိုထားပါတယ်။

တီရယ်ထန်ဟာ All In Combat အဖွဲ့အစည်းရဲ့ ကြိုးဝိုင်းအတွင်းမှာ ပထမဆုံးစတင်ထိုးသတ်တဲ့ ပွဲစဉ်မှာပဲ Ban tam Weight Champion ခါးပါတ်လုပွဲကို ယှဉ်ပြိုင်ထိုးသတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ထီရယ်ထန်နဲ့ တစ်ရက်တည်း UFC မှာ ပီရူးနိုင်ငံသား ကယ်ဗင်ဘော့ဂျာနဲ့ ထိုးသတ်ခဲ့တဲ့ ချင်းတိုင်းရင်းသား ဂျော့ရှူဝါဗန်ကတော့ ပြိုင်ဘက်ကို အမှတ်နဲ့အနိုင်ရပြီး UFC မှ (၂) ပွဲထိုး (၂) ပွဲနိုင် မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ အောင်လအန်ဆန် Facebook


LEAVE A REPLY

Please enter your comment!
Please enter your name here