ဘန်ကောက်မှာ ခြိုးခြံသုံးသူ၊စားသောက်ဆိုင်ဖွင့်သူတို့အတွက်သက်သာစေနိုင်​သောစျေး

0
297

ဘန်ကောက်မြို့မှာရှိတဲ့ လက်ကားစျေးကြီးတွေထဲက သလပ်ထိုင်းစျေးကြီးဟာ သမ်မားဆက်တက္ကသိုလ်၊ရန်ဆစ်နယ်မြေနားနဲ့ နီးပါတယ်။

စျေးကိုရောက်ရင်တော့ ခြေကျင်ပတ်ကြည့်မယ်လုပ်လို့မရပါဘူး။ တစ်ရုံနဲ့တစ်ရုံဝေးပြီးအကျယ်ကြီးဖြစ်လို့ ကားပါသွားမှရပါမယ်။ ရုံတွေထဲမှာလည်း စျေးဝယ်ရင်သုံးတဲ့ ထော်လာဂျီ​အသေး၊တွဲဆိုင်ကယ်တွေ ဥဒဟိုဝင်ပြီး ဝယ်ခြမ်းသယ်ယူနေကြတာပါ။

စျေးတွေက လက်ကားစျေးတွေမို့ မြို့ထဲမှာ လက်လီရောင်းနေတာတွေရဲ့ ထက်ဝက်စျေးလောက်တွေပဲရှိကြပါတယ်။ဘန်ကောက်ရောက် မြန်မာတွေ စုဖွဲ့ဝယ်ခြမ်းနိုင်ရင် စရိတ်ကာမိနိုင်သလို ပြန်ရောင်းလည်း ကိုက်မကိုက်တွက်ကြည့်လို့ရပါတယ်။

Thalaadthai.com မှာ လက်ကားစျေးတွေ ရေးပေးထားတဲ့အပြင် ပို့ပေးနိုင်တဲ့ ဝန်ဆောင်မူတွေလည်းပါလို့ တွက်ဆကြည့်နိုင်ပါတယ်။

အဆိုပါ စျေးဝင်းထဲမှာ ၂၀ ပေ×၂၅ ပေ အကျယ် ထပ်ခိုးပါ အခန်းတစ်ခုကို တစ်လ ဘတ်၂၀၀၀၀ နဲ့ ငှားပါတယ်။ မွန်လူမျိုးတချို့လည်း မုန့်ဟင်းခါးဆိုင်ဖွင့်ထားတာကို တွေ့ရပါတယ်။ စျေးထဲမှာ မြန်မာလုပ်သားအချို့လည်း ရှိတတ်ပါတယ်။

သီးနှံတွေက ဒေသထွက်ရော၊ နိုင်ငံတကာက အသီးတွေရော ရှိပါတယ်။ သစ်သီးအရည်အသွေးထိပ်တန်းရောင်းတဲ့ အောတောစျေး(ချပ်တူချပ်နားက)နဲ့ ယှဥ်ရင်လည်း ဒီမှာက ရွေးတတ်ရင် စျေးပိုသက်သာတယ်လို့ ခံစားရပါတယ်။

သူ့ website ကပုံတွေမှာ စျေးနူန်းပါပြီးသားတွေမို့ ဘယ်လောက်သက်သာတယ်ဆိုတာ ဘန်ကောက်ရှိစျေးကြီးပေးနေရသူတွေပိုသိမှာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here