မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦး ချစ်သူနှင့် စကားများ ရန်ဖြစ်ကာ မိမိကိုယ်ကို အဆုံးစီရင်ရာမှ ‌ေ-သဆုံး

0
199

မလေးရှားနိုင်ငံ စလန်းကောပြည်နယ် ရာဝမ်းမြို့တွင် နေထိုင်သူ မြန်မာနိုင်ငံသားတစ်ဦး ၎င်း၏ ချစ်သူနှင့် စကားများ ရန်ဖြစ်ရာမှာ မိမိကိုယ်ကို ကြို-းဆွဲချ အဆုံးစီရင်ရာမှ ‌ေ-သဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)မှ သိရသည်။

ဖြစ်စဉ်မှာ ကိုနေရှိုင်းဆိုသူမှာ ယမန်နေ့ နိုဝင်ဘာ(၁၂)ရက် စက်ရုံတွင် တစ်ဦးတည်း ရှိနေစဉ် မြန်မာနိုင်ငံမှ ၎င်းချစ်သူနှင့် စကားများ ရန်ဖြစ်ရာမှ မိမိကိုယ်ကို ကြို-းဆွဲချ အဆုံးစီရင်‌ေ-သဆုံးခဲ့ကြောင်း သိရသည်။

၎င်းတို့ ချစ်သူနှင့် စကားများ ပြောဆိုနေသံကြားနေရသော သူငယ်ချင်းဖြစ်သူမှာ ညစာစားရန်အတွက် ဈေးဝယ် အပြန်ကြို-းတန်းလန်းဖြင့် ‌ေ-သဆုံးနေသည်ကို တွေ့ရှိရာမှ ကြောက်လန့်ကာ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)ထံ အကူညီတောင်းခံခြင်းဖြစ်ကြောင်း သိရသည်။

အသင်းမှ လိုအပ်သည်များ စီစဉ်ပြီး မလေးရှား ရဲတပ်ဖွဲ့ထံ အကြောင်းကြားကာ ‌ေ-သမှု‌ေ-သခင်း စစ်ဆေးချက်ရယူပြီး မလေးရှားနိုင်ငံ ဆွန်ကိုင်းဘလို့မြို့ ဆေးရုံကြီး အအေးခန်းသို့ ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။

‌ေ-သဆုံးသူမှာ အသက် (၂၃) နှစ်သာရှိပြီး မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် တောင်ကျွန်းရွာတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here