ဒေသတွင်း ပဋိပက္ခများကြောင့် လွိုင်ကော် တက္ကသိုလ်တွင် ဖြေဆိုမည့် အဝေးသင် တတိယအသုတ် စာမေးပွဲများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

0
316

ကယားပြည်နယ်အတွင်း KNPP နှင့် PDF အဖွဲ့များနှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် လွိုင်ကော် တက္ကသိုလ်တွင် ဖြေဆိုမည့် အဝေးသင် တတိယ အသုတ်စာမေးပွဲများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

KNPP အဖွဲနှင့် PDF အဖွဲ့များသည် ယနေ့ နိုဝင်ဘာ (၁၃) နံနက် (၇) နာရီ (၅၀) မိနစ်ခန့်က စစ်ရေး ပစ်မှတ်မဟုတ်သည့် လွိင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အပြင် ပညာသင်ကြားနေသည့် ကျောင်းသားများနှင့် ဆရာ/ဆရာမများအား ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ လုပ်ဆောင်မှုများသည် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အကျိုးမရှိဘဲ တိုင်းပြည်အနာဂတ်ကို ပျက်စီးစေကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ ဒေသတွင်းပဋိပက္ခများ‌ဖြစ်ပွားနေမှုကြောင့် ယနေ့နိုဝင်ဘာ (၁၃)ရက်တွင် စတင်ဖြေဆိုမည့် အဝေးသင်တက္ကသိုလ် တတိယအသုတ် စာမေးပွဲများကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်းလည်း သိရသည်။

ဒေသခံပြည်သူများအနေဖြင့်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို အတူတကွ ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here