စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

0
204

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ကို နိုဝင်ဘာ (၁၂) ရက်တွင် ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေကြောင်းနှင့် ဖြစ်စဉ်အတွင်း လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာ အဆောက်အဦများ ပျက်စီးဆုံးရှုံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မိုင်းများကြောင့်လည်း အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက် လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်သည်။

ထို့အပြင် ထီးချိုင့်မြို့အတွင်း နေရပ်စွန့်ခွာ ဒေသခံများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ စာသင်ကျောင်းပျက်စီးမှုများအား ပြန်လည်ပြုပြင်ပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အမြန်ဆုံး လုပ်ဆောင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here