ဂရင်းလန်ဒေသ ရေခဲအရည်ပျော်မှုဆိုင်ရာ ဓာတ်ပုံများထွက်ပေါ်

0
217

ဂရင်းလန်ဒေသတွင် ရေခဲတောင် ရေခဲမြစ်များ ယခင်ကထက် လျှင်မြန်စွာ အရည်ပျော်လျှက်ရှိနေခြင်းကို လွန်ခဲ့သည့် နှစ်များနှင့် ယခုလက်ရှိအခြေအနေတို့ နှိုင်းယှဉ်ဖော်ပြထားသည့် ဓာတ်ပုံများ သုတေသီတို့ထံ မှ ထွက်ပေါ်လာသည်။

ယင်းပုံများမှာ နေရာဒေသတစ်ခုတည်းကို တူညီသော ရှုထောင့်မှ ဓာတ်ပုံရိုက်ကူးကာ နှိုင်းယှဉ်ပြထားခြင်းဖြစ်ပြီး၊ ၂၀ ရာစုအစပိုင်း ၁၉၃၀ က ရိုက်ကူးထားသော ပုံများနှင့် ယခု ၂၀၂၃ ခုနှစ်တွင် ရိုက်ကူးထားသော ပုံများကို နှိုင်းယှဉ်ပြထားခြင်းဖြစ်သည်။

ကမ္ဘာကြီး တစထက်တစ ပူနွေးလာမှုကြောင့် ဂရင်းလန်ဒေသမှ ရေခဲတောင်များနှင့် ရေခဲမြစ်များသည် လွန်ခဲ့သည့် နှစ် ၂၀ ကထက် ၅ဆမျှ ပိုမိုလျှင်မြန်စွာ အရည်ပျော်နေကြကြောင်း ကိုပင်ဟေဂင်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ဂရင်းလန်ရှိ ရေခဲများသည် ကမ္ဘာ့ပင်လယ်သမုဒ္ဒရာများအားလုံး၏ ရေမျက်နှာပြင် အနည်းဆုံး ပေ၂၀(၆ မီတာ)အထိ မြင့်တက်နိုင်သည့် ရေများကို သိုလှောင်ထားသောကြောင့် အဆိုပါ ရေခဲတောင်နှင့် ရေခဲမြစ်များ အားလုံးနီးပါးအရည်ပျော်နေမှုသည် တစ်ကမ္ဘာလုံးအတွက် အထူးစိုးရိမ်ဖွယ်ဖြစ်ကြောင်းသိရသည်။

အဆိုပါဧရိယာရှိ ရေခဲမြစ်ပေါင်း ၁၀၀၀ခန့်ကို လေ့လာမှုများအရ လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုအတွင်းတွင် အရည်ပျော်နှုန်းသည် အဆင့်သစ်တစ်ခုသို့ရောက်ရှိခဲ့ကြောင်း ကိုပင်ဟေဂင်တက္ကသိုလ်မှ ဘူမိသိပ္ပံနှင့် သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှုဌာနမှ လက်ထောက်ပါမောက္ခ Anders Anker Bjork က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here