ထိုင်း၌ တရုတ်ရဲများကင်းလှည့်မည်ကိုထိုင်းတို့ မကျေနပ်၊ရဲမင်းကြီးကအဆိုပါကို ငြင်းဆို

0
283

ဘန်ကောက်၊နိုဝင်ဘာ ၁၄

ထိုင်းနိုင်ငံအတွင်းရှိ တရုတ်၏တရားမဝင်စီးပွား‌ရေးလုပ်ငန်းများနှင့် နိုင်ငံခြားခရီးသွားများလုံခြုံရေးစိတ်ချရရန်အတွက် ထိုင်းနှင့်တရုတ်ရဲများပူးပေါင်းကာ ထိုင်းနိုင်ငံထဲ၌ လှည့်ကင်းဆောင်ရွက်ရန်ဖိတ်‌ခေါ်မည်ဖြစ်ကြောင်းသိရသည်။

အစိုးရ၏တရုတ်ရဲများအားဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ထိုင်းရဲများနှင့်အတူ တရုတ်ရဲများပါလှည့်ကင်းဆောင်ရွက်ခြင်းပြုလာကြမည်ကို ပြည်သူများအကြားစိုးရိမ်မှုများမြင့်တက်လာခဲ့သည်။

သို့သော်လည်း ခရီးသွားလုပ်ငန်းအာဏာပိုင် အုပ်ချုပ်ရေးမှူး ထာပနီးကီယတ်ဖိုင်ဘိုးလ်ကမူ ပူးတွဲကင်းလှည့်မှုအစီအစဉ်သည် လုံခြုံရေးအားကောင်းစေရန် ထိုင်းနှင့်တရုတ်ရဲများ ပူးပေါင်းဆောင်ရွက်ရေးအတွက်အဆိုပြုချက်များစွာထဲမှတစ်ခုသာဖြစ်ကြောင်းပြောကြားခဲ့သည်။

သို့သော်အဆိုပါသတင်းသည် မဟုတ်မှန်ကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ငြင်းဆိုခဲ့ပြီးယင်းအစီအစဉ်သည် နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်နေသဖြင့် ဆောင်ရွက်ရန်မဖြစ်နိုင်ကြောင်း၊ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ရာရောက်သည့်အတွက်သဘောမတူနိုင်ကြောင်းဆိုခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့ဝင်များအနေဖြင့် ထိုင်းလူမျိုးတွေသာမက ကမ္ဘာလှည့်ခရီးသွားတွေကိုပါ စောင့်ရှောက်နိုင်စွမ်းရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ယခုအစီအစဉ်အား ထိုင်းရဲတပ်ဖွဲ့၏အဆိုပြုချက်ဟုဆို‌နေကြခြင်းသည် နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း၊ထိုင်းရဲတပ်ဖွဲ့၏ အဆိုပြုချက်အမှန်မှာတရုတ်နိုင်ငံနဲ့ဆက်စပ်သည့် ရာဇဝတ်မှုများဖြစ်လာပါက သံသယရှိသူများ၊အမှုအခင်းကိစ္စများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များဖလှယ်နိုင်ရန် တရုတ်နိုင်ငံနဲ့အတူ ပေါင်းစပ်ညှိနှိုင်းရေးစင်တာဖွင့်လှစ်ဖို့သာ အဆိုပြုခဲ့ခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

Ref 1 : ဘန်ကောက်ပို့စ်
Ref 2 : ထိုင်းပီဘီအက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here