ယူကရိန်း တင့်ကား ၉ စီးနှင့် အခြားအရာများကို ရုရှား ဒရုန်းများက ဖျက်ဆီးနိုင်ခဲ့

0
169

အောက်တိုဘာ ၂၄ ရက်မှ ယနေ့အထိ ရက်များအတွင်းတွင် ယူကရိန်း တင့်ကား ၉ စင်း၊ အခြားကား ၂၂ စင်းနှင့် ယူကရိန်းတပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ဖျက်ဆီးတိုက်ခိုက်နိုင်ခဲ့ကြောင်း ရုရှား လျှင်မြန်စွာတုန့်ပြန်ရေးဒရုန်းတပ်ဖွဲ့(BOBR)မှ တပ်ဖွဲ့မှူးကပြောသည်။

“ရာသီဥတုအခြေအနေက ရာသီဥတုမဆိုးရွားခင် ထိုးစစ်ဆင်ဖို့ ရန်သူကို နောက်ဆုံးအခွင့်အရေးကို ပေးတယ်၊ ဒါကြောင့် သူတို့က ငါတို့ကို ဇွတ်တိုးပြီး လက်နက်ခဲယမ်းတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးပြီးတိုက်နေတာ။ ဒါပေမယ့် ငါတို့ဖက်က ဆိုက်တိုက် ဖျက်ဆီးနေတာကြောင့် သူတို့ မအောင်မြင်ပါဘူး။ ငါတို့ရဲ့ BOBR ဒရုန်း တပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၂၄ ရက်ကစပြီး သူတို့ရဲ့ Leopard တင့်ကားလေးစီးနဲ့ ဆိုဗီယက်ထုတ်တင့်ကားငါးစီး၊ Bradley တိုက်ခိုက်ရေးယာဉ်သုံးစီး၊ M-113 နှစ်စီး၊ သံချပ်ကာယာဉ်တွေ၊ US တွင်ထုတ်လုပ်သော HMMWV သံချပ်ကာတိုက်ခိုက်ရေးယာဉ်လေးစီး၊ Husky သံချပ်ကာတိုက်ခိုက်ရေးယာဉ်၊ ပစ်ကပ်ထရပ်ကား ၁၂ စီးနဲ့ သူတို့တပ်ဖွဲ့ဝင် ၁၀၀ လောက်ကို ခြေမှုန်းဖျက်ဆီးနိုင်ခဲ့ပါတယ်”ဟု ရုရှား လျှင်မြန်စွာတုန့်ပြန်ရေးဒရုန်းတပ်ဖွဲ့(BOBR)မှ တပ်ဖွဲ့မှူးက ပြောခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here