ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးလျှင် ပြည်ထဲရေးသို့ အမှုတွဲ ပြန်ပို့ရကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံး ထုတ်ပြန်

0
273

ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံးလျှင် ချက်ချင်း ပြန်ထုတ်ပေး၍ မရဘဲ ပြည်ထဲရေးဝန်ကြီးဌာနသို့ အမှုတွဲပြန်ပို့ရသောကြောင့် အချိန်ကြာမြင့်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် နိုင်ငံကူးလက်မှတ်များ မပျောက်စေရေး၊ ကုန်ဆုံးရက်ကျော်လွန်ခြင်း မပျက်စီးစေရေး သတိပြုရန် လိုအပ်ပြီး နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသွားပါက ပြည်ပနိုင်ငံများရှိ မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများအနေဖြင့် ချက်ချင်းပြန်လည်ထုတ်ပေး၍ မရကြောင်း မြန်မာသံရုံး ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ဖြစ်ပေါ်ပါက ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ အမှုတွဲကို ပြန်လည်ပေးပို့ ရမည်ဖြစ်ပြီး ပြန်လည်ထုတ်ပေးရန် ခွင့်ပြုချက်ရရှိမှသာ ထုတ်ပေးခွင့်ရှိခြင်းကြောင့် ပျောက်ဆုံး/ ပျက်စီးသူများပြားသဖြင့် စိစစ်ချိန်ကာလကြာမြင့်ကြောင်း သိရသည်။

ထိုသို့ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသူများအတွက် ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ကို မကြာမီ ထုတ်ပြန် အသိပေးသွားမည် ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံ၌ နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ ပျက်စီးလျှင် ဒဏ်ကြေး ၃၆၅၀ ဘတ်၊ စာအုပ်တန်ဖိုး ၁၂၅၀ ဘတ် စုစုပေါင်း ၄၉၀၀ ဘတ် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here