နှလုံးကုသမှုခံယူမည့် ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော်ဘုရားကြီး၏ ကျန်းမာရေးအတွက် မေတ္တာပို့ပေးကြရန်  မေတ္တာရပ်ခံထား

0
257

မနက်ဖြန် နိုဝင်ဘာ (၁၅) ရက်တွင် စင်္ကာပူနိုင်ငံ၌ နှလုံးအထူးကုသမှု ခံယူမည့် ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော်ဘုရားကြီးအတွက် မေတ္တာပို့ပေးတော်မူကြရန် ဆရာတော်ဘုရားကြီး၏ တပည့်ဝေနေယျများက မေတ္တာရပ်ခံထားကြသည်။

ဖားအောက်ဆရာတော်ဘုရားကြီးသည် စင်္ကာပူနိုင်ငံရှိဆေးရုံတွင် နိုဝင်ဘာလ (၁၅) ရက် ဗုဒ္ဓဟူးနေ့ ၊ မြန်မာစံတော်ချိန် နေ့လယ် (၁၂) နာရီ၌နှလုံးအထူးကုသမှု ခံယူမည်ဖြစ်သည်။

ဆရာတော်ဘုရားကြီး ကုသမှုအောင်မြင်စေရန် စုပေါင်းမေတ္တာပို့လွှတ်တော်မူကြပါရန် ဆရာတော်သံဃာတော် အရှင်မြတ်များ၊ သီလရှင်များနှင့် ယောဂီများအား ဆရာတော်ဘု ရားကြီး၏ တပည့်သာဝကများက မေတ္တာရပ်ခံ တိုက်တွန်းထားခြင်း ဖြစ်သည်။

သက်တော် (၉၀) ရှိပြီဖြစ်သည့် ကျေးဇူးတော်ရှင်ဖားအောက် ဆရာတော် ဘုရားကြီးသည် နှလုံးအထူးကုသမှု ခံယူရန် စင်္ကာပူနိုင်သို့ နိုဝင်ဘာ (၉) ရက်တွင် ကြွရောက်ရှိ​နေခြင်းဖြစ်သည်။

ဆရာတော် ဘုရာကြီးအနေဖြင့် ဆေးဝါးကုသမှုမခံယူမီနှင့် ဆေးကုသမှုခံယူပြီးစတွင် လုံလောက်စွာ အနားယူရန် လိုအပ်သည့်အတွက် ဆရာတော်ဘုရားကြီးအား လာရောက်ဖူးမြှော်ခွင့်ကို ကန့်သတ်ထားရှိ ဦးမည်ဖြစ်ကြောင်း စင်္ကာပူနိုင် ငံရှိ ဆရာတော်ဘုရားကြီး၏ အနီးကပ်တပည့်သာဝကများမှ နိုဝင်ဘာလ (၉) ရက်က အသိပေးထားသည်။

ထို့အပြင် ဆေးကုသမှု ခံယူပြီး စိတ်ချရသည့် အခြေအနေသို့ရောက်ရှိကြောင်း ဆရာဝန်များမှ ခွင့်ပြုသည်နှင့် ဆရာတော်ဘုရားကြီးအား ကန်တော့ပွဲ စီစဉ်ပေးမည်ဖြစ်ပြီး အသိပေးကြညာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here