မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားရန် တရား၀င်လေ့ကျင့်နေ

0
247

မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားရန် ဂျပန်တွင် တရား၀င်လေ့ကျင့်နေပြီဖြစ်‌သည်။

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဖိုက်အွန်ဘိုင်နာသည် ဂျပန်လက်ရွေးစင် အသင်းနှင့် ယှဉ်ပြိုင်မည့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အပြီးသတ်အနေဖြင့်ကစားသမား ၂၄ ဦး ရွေးချယ်ခဲ့သည်။

မြန်မာ့ လက်ရွေးစင် အသင်းသည် ဂျပန်လက်ရွေးစင် အသင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲ ယှဉ်ပြိုင် ကစားရန် ယနေ့ မနက်ပိုင်းက ဂျပန်နိုင်ငံ အိုဆာကာ မြို့ သို့ရောက်ရှိလာခဲ့ပြီး အသင်းလေ့ကျင့်ရေး အစီအစဉ်ကို ညပိုင်းတွင် စတင်ပြုလုပ်နေခဲ့ကြောင်း သိရသည်။

ထိုအတူ ဂျပန်လက်ရွေးစင်အသင်းသည်လည်း လေ့ကျင့်များပြုလုပ်နေပြီဖြစ်ကြောင်း ဂျပန်ဘောလုံးအဖွဲ့ချုပ်က ‌ယနေ့အသိပေးထားသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန်လက်ရွေးစင်အသင်းတို့၏ ကမ္ဘာ့ဖလားခြေစစ်ပွဲကို နိုဝင်ဘာ (၁၆) ရက် မြန်မာစံတော်ချိန် ညနေ (၄) နာရီခွဲတွင် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ကျင်းပမည်ဖြစ်သည်။

Photo – MFF/JFA


LEAVE A REPLY

Please enter your comment!
Please enter your name here