ရုရှားနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဝင်ပေါက်အားလုံးကို ပိတ်ရန် စဉ်းစားနေဟု ဖင်လန်ဝန်ကြီးချုပ်ပြော

0
251

အရှေ့အလယ်ပိုင်းမှ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုများကြောင့် ရုရှားနယ်စပ်ရှိ စစ်ဆေးရေးဂိတ်အချို့ သို့မဟုတ် အားလုံးကို ပိတ်ရန် စဉ်းစားနေသည်ဟု ဖင်လန်ဝန်ကြီးချုပ် Petteri Orpo က ပြောကြားသည်။

“နယ်စပ်သွားလာမှုကို ကန့်သတ်မယ်၊ ဖြတ်ကျော်တဲ့ ဂိတ်တချို့ ဒါမှမဟုတ် အားလုံးကို ပိတ်နိုင်သလို ခိုလှုံခွင့်တောင်းသူတွေ အတွက် ဧည့်ခံစင်တာကိုလဲ တစ်နေရာတည်းမှာပဲ ထားဖို့ စဉ်းစားနေတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားပြီး နိုင်ငံ၏ အရှေ့ဘက်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်သူ အရေအတွက် တိုးလာနေသည့် အစီရင်ခံစာများနှင့် ပတ်သက်၍ အလေးပေး ပြောကြားခဲ့သည်။

“အစိုးရရဲ့ မက်ဆေ့က ရှင်းပါတယ်။ ကျွန်တော်တို့ နယ်စပ်လုံခြုံရေးကို အာမခံချင်ပါတယ်” ဟု ဝန်ကြီးချုပ်က ယင်းကိစ္စနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ဖင်လန်ပြည်ထဲရေးဝန်ကြီး Mari Rantanen က ဖင်လန်အာဏာပိုင်များသည် ရုရှားနယ်စပ်တွင် သွားလာမှုကန့်သတ်ရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို စတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း အစောပိုင်းကတည်းက ပြောကြားခဲ့သည်။ ယခုသီတင်းပတ်အတွင်း ဖင်လန်နိုင်ငံ၏ အရှေ့ဘက်နယ်စပ်သို့ အထောက်အထားမဲ့ ခိုလှုံခွင့်ရှာဖွေသူ ၆၀ ခန့် ရောက်ရှိလာကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း ထိုသို့ရောက်လာသူ ၇၁ ဦး ရှိခဲ့ သည်။ နယ်စပ်ရေးရာ ဝန်ဆောင်မှု အရ ၎င်းတို့သည် ရုရှား နိုင်ငံသားများ မဟုတ်သော်လည်း အများစုမှာ အရှေ့အလယ်ပိုင်းမှ ဖြစ်သည်။ ဖင်လန်အစိုးရက ယင်းပြဿနာကို ရုရှားနှင့်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here