အိန္ဒိယမှာ မြေတူးစက်ကြီးများသုံး၍ ပြိုကျဥမင်လှိုဏ်ခေါင်းအတွင်းမှ အလုပ်သမား ၄၀ နီးပါးကိုကယ်ထုတ်ရန်ကြိုးပမ်း

0
211
This handout photo taken on November 13, 2023, and released by the State Disaster Response Force (SDRF) shows rescue workers at the site after a tunnel collapsed in the Uttarkashi district of India's Uttarakhand state. - More than a hundred rescuers in northern India struggled for a third day on November 14 to save workers trapped underground after the road tunnel they were building collapsed. (Photo by State Disaster Response Force (SDRF) / AFP)

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာရာခန်ပြည်နယ်က ဟိမဝန္တာအဝေးပြေးလမ်းရှိ ဥမင်လှိုဏ်ခေါင်းတစ်ခုပြိုကျခဲ့မှုအတွင်း အလုပ်သမား ၄၀နီးပါးပိတ်မိနေခဲ့ကာ နှစ်ရက်ကြာလာပြီဖြစ်ပါတယ်။ ပိတ်မိနေတဲ့အလုပ်သမားတွေကို သံမဏိပိုက်လုံးကြီးတစ်ခုနဲ့ ဆွဲထုတ်ကယ်ဆယ်နိုင်ဖို့ရာအတွက် အင်္ဂါနေ့ (နိုဝင်ဘာ ၁၄)မှစကာ မြေတူးစက်ယန္တရားကြီးတွေနဲ့ အခင်းဖြစ်နေရာမှ စတင်တူးဖော်နေတယ်လို့ (CNA) သတင်းမှာ ဖော်ပြပါတယ်။

အဝေးပြေးလမ်းမတစ်ခုပေါ်မှာ တည်ဆောက်နေတဲ့ အဆိုပါဥမင်လမ်းကြောင်းဟာ ဟိန္ဒူဘုရားဖူးနယ်မြေတစ်ခုသို့သွားရာ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တနင်္ဂနွေနေ့ဒေသစံတော်ချိန် မနက် ၈နာရီခွဲလောက်မှာ ပြိုကျသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ပိတ်မိနေတဲ့အလုပ်သမားတွေထဲကို အစားအစာ၊ ရေနဲ့ အောက်စီဂျင်တွေ ကျွန်တော်တို့ပေးပို့ထားပါတယ်။ နောက်ပြီး တာဝန်ရှိသူတွေဟာလည်း သူတို့အားလုံးနဲ့တောက်လျှောက်အဆက်အသွယ်လုပ်နေခဲ့ကြပါတယ်” လို့ သဘာဝဘေးစီမံခန့်ခွဲရေးဆိုင်ရာအရာရှိတစ်ဦးဖြစ်သူ ဒီဗနိဒရာဆင်းပါ့တဝါကပြောဆိုပါတယ်။

အလုပ်သမားတွေရှိရာဆီ လမ်းကြောင်းတစ်ခုဖောက်နိုင်ဖို့အတွက် အပြိုအပျက်တွေကိုမြေတူးစက်တွေနဲ့ ဖယ်ရှားနေတာဖြစ်ပါတယ်။ လမ်းကြောင်းပွင့်သွားခဲ့ပါက သံမဏိပိုက်လုံးကြီးတစ်ခုချကာ ပိတ်မိနေတဲ့အလုပ်သမားတွေကို လုံခြုံဘေးကင်းစွာကယ်ထုတ်နိုင်ဖို့ကြိုးစားကြမှာဖြစ်ပါတယ်။

အလုပ်သမားတွေကို ကယ်ထုတ်နိုင်ဖို့ရာ အချိန်ဘယ်လောက်ယူရနိုင်သလဲဆိုတာကိုအကဲဖြတ်ဖို့တော့ မလွယ်ဘူးလို့ ပါ့တဝါက ပြောဆိုသွားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here