အင်းစိန်တွင် ပစ္စည်းပို့ဆောင်သူ အမျိုးသား တစ်ဦးအား ရိုက်နှက်ကာ ပစ္စည်းများ လုယက်မှုဖြစ်ပွား

0
179

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ) ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်တွင် ပစ္စည်းပို့ဆောင်သူ အမျိုးသားတစ်ဦးကို ရိုက်နှက်ကာ ပစ္စည်းလုယက်မှု ဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ သိရသည်။

အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်တွင် နိုဝင်ဘာ (၁၄) ရက် ည (၆) နာရီအချိန်ခန့်က ပစ္စည်းပို့ဆောင်သူ အမျိုးသားတစ်ဦး ရိုက်နှက် လုယက်ခံရမှုကြောင့် လဲနေကြောင်း ပတ်ဝန်းကျင်မှ အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ရုံးသို့ ဖုန်းဆက်အကြောင်းကြားရာမှ သွားရောက် ကူညီခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရိုက်နှက်ခံရမှုကြောင့် ဒဏ်ရာရ အမျိုးသားကို လူနာတင်ယာဉ်ဖြင့် သွားရောက်ကာ ရှေးဦးပြုစုပေးပြီး အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ အချိန်မှီပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here