လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာကွက်ကြား မိုးရွာမည်

0
246

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ယနေ့ ညနေအထိ တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်ကြားမိုးရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက် စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် နောက် (၆)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်းလည်း အသိပေးထားသည်။

အဆိုပါ မုန်တိုင်းငယ်သည် နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အင်ဒရာ ပရာဒေ့ရှ်ကမ်းလွန်တွင် အားကောင်းသော မုန်တိုင်းငယ် အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပြီး နိုဝင်ဘာ (၁၇) ရက်တွင် ဩရိဿကမ်းလွန်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ မိုးလေဝသအခြေအနေကြောင့် ယနေ့ ညနေအထိ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ပြီး တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကာ ရွာရန်ရာနှုန်း (၈၀) ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here