အစ္စရေး-ဟားမတ်စ်စစ်ပွဲ အပစ်အခတ်ရပ်စဲရန် ဘိုင်ဒင်အစိုးရ အုပ်ချုပ်ရေးအရာရှိ ရာနှင့်ချီ၍ လက်မှတ်ရေးထိုးတောင်းဆို

0
196

အစ္စရေး-ဟားမတ်စ်စစ်ပွဲ အပစ်အခတ်ရပ်စဲရေးကို အမေရိကန် အစိုးရ အရာရှိ ၅၀၀ ကျော်က သမ္မတဂျိုးဘိုင်ဒန်ထံ အင်္ဂါနေ့တွင် လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပြီး ဘိုင်ဒင်အစိုးရ၏ မူဝါဒကို ဝေဖန်ပြောဆိုခဲ့ကြသည်။

အစ္စရေးကို ကျောထောက်နောက်ခံပေးထားသည့် ဘိုင်ဒင်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများကို ထိုဖြစ်ရပ်က ထုတ်ဖော်ပြသနေသည်။

အစိုးရ ဌာန ၄၀ တို့မှ တာဝန်အရ ခန့်အပ်ခံရသူများနှင့် အခြားအရာရှိများ ပါဝင်သည့် လက်မှတ် ရေးထိုးသူများသည် ၎င်းတို့၏ အလုပ်အကိုင် ဆုံးရှုံးခြင်းနှင့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် စိုးရိမ်မှုများလည်းရှိနေကြကြောင်း သိရသည်။

“အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးလုပ်ပေးဖို့ သမ္မတဘိုင်ဒင်ဆီကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ အစ္စရေးကဖမ်းထားတဲ့ ဓားစာခံများကို ချက်ခြင်းပြန်လွှတ်ပေးဖို့နဲ့ နိုင်ထက်စီးနင်း ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းတွေကို အာမခံပေးခြင်းအားဖြင့် လက်ရှိပဋိပက္ခကို အရှိန်လျော့ပေးဖို့ အစ္စရေးကို ဘိုင်ဒင်က တောင်းဆိုဖို့၊ ရေ၊ လောင်စာ၊ လျှပ်စစ်နှင့် အခြားအခြေခံဝန်ဆောင်မှုတွေ ပြန်လည်ထူထောင်ရေး၊ ဂါဇာကမ်းမြှောင်ဒေသဆီကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လုံလောက်စွာပေးရေး စတာတွေပါ ပြုလုပ်ပေးဖို့ကိုလဲ ကျွန်တော်တို့ တောင်းဆိုထားပါတယ်” ဟု လက်မှတ်ရေးထိုးရာတွင် ပါဝင်သူများကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here