တရုတ်နဲ့ ပုံမှန်ဆက်ဆံရေးပြန်ရဖို့ မျှော်မှန်‌ကြောင်း ဂျိုးဘိုင်ဒင် ပြောကြား

0
168

ယခုသီတင်းပတ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ထိပ်သီးဆွေးနွေးမှုအတွင်း စစ်တပ်ချင်းထိတွေ့ဆက်ဆံမှုအပါအဝင် ပုံမှန်ဆက်သွယ်မှုတွေ ပြန်စနိုင်ဖို့ မျှော်မှန်းတယ်လို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က အင်္ဂါ
နေ့(နိုဝင်ဘာ ၁၄) မှာ ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေး မတင်မကျဖြစ်နေခဲ့တဲ့ အချိန်ကာလတစ်ခုအလွန်မှာ တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ရဲ့ဆက်ဆံရေး ပိုမိုကောင်းမွန်စေမယ့် အလှည့်အပြောင်းဖြစ်ပေါ်ဖို့ သူကြိုးစားသွားမှာ ဖြစ်တယ်လို့ ဆွေးနွေးပွဲအတွက် ဆန်ဖရန်စစ်စကိုသို့ မထွက်ခွာမီ အိမ်ဖြူတော်မှာ ဘိုင်ဒင်က သတင်းထောက်တွေကို ပြောဆိုပါတယ်။

ဆန်ဖရန်စစ်စကိုမှာ ကျင်းပမယ့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးညီလာခံ အတောအတွင်း ဒီနေ့(နိုဝင်ဘာ ၁၅) မှာ ဘိုင်ဒင်နဲ့ ရှီတို့ တွေ့ဆုံဆွေးနွေးကြဖို့ ရှိနေပါတယ်။

ဒါဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ဘိုင်ဒင် သမ္မတ ဖြစ်လာခဲ့ပြီးနောက်ပိုင်း ခေါင်းဆောင်နှစ်ဦးရဲ့ ဒုတိယအကြိမ်မြောက် လူချင်းတွေ့ဆုံမှုဖြစ်လာမှာပါ။

ဆန်ဖရန်စစ်စကိုသို့အသွား Air Force One လေယာဉ်ပေါ်မှာ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်တွေကို ပြောဆိုရာမှာတော့ ဘိုင်ဒင်နဲ့ရှီတို့ဟာ လတ်တလော အစ္စရေး-ဟားမတ်စ် အရေးအခင်း အပါအဝင် ရုရှား-ယူကရိန်းစစ်ပွဲမှာ အမေရိကန်က ယူကရိန်းအပေါ်အကူအညီပေးနေမှုတွေနဲ့ပတ်သက်လို့လညိး ဆွေးနွေးသွားကြဖို့ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here