ပါချုပ်ဆရာတော်ဘုရားကြီး၏ ပုံစံတူ ဆီလီကွန်ရုပ်တု ထုလုပ်မှု (၈၀) ရာခိုင်နှုန်းပြီးစီး

0
369

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ ပုံစံတူ ဆီလီကွန်ရုပ်တု ထုလုပ်မှု (၈၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ရုပ်တုကို ဦးဆောင်ထုလုပ်နေသူ ပန်းပုပညာရှင် ဦးအောင်ကျော်ထွန်းက ယနေ့တွင် ပေါ်ပြူလာနယူးစ်ကိုပြောသည်။

ဆရာတော်ဘုရားကြီး၏ ပုံစံတူ ရုပ်တုကို ကျပ်သိန်း(၆၀)ခန့်ဖြစ်ကုန်ကျခံထုလုပ်နေခြင်းဖြစ်ပြီး၊ ပြီးစီးပါက မန္တလေးတိုင်း ၊ပြင်ဦးလွင်မြို့ရှိ ဆရာတော်သီတင်းသုံးရာကျောင်းတိုက်တွင် ထားရှိသွားမည်ဖြစ်‌သည်ဟု သိရသည်။

“လက်ရှိတော့ ကိုယ်လုံးတော်က ဆီလီကွန်သွင်းပြီးပါပြီ။ ဦးခေါင်းတော်ကတော့ သီးသန့်ထုလုပ်ပြီဆက်မှာပါ။ ထိုင်‌နေတဲ့ပုံစံဖြစ်ပါတယ်။ ဦးခေါင်းတော်ကလည်း (၈၀)ရာခိုင်နှုန်းပြီးနေပြီလို့ ဆိုလို့ရမယ်။ ထုလုပ်ခိုင်းထားတဲ့ ဒကာဒကာမတွေကလည်း မလောတာကြောင့် ဖြည်းဖြည်းချင်းဘဲ လုပ်နေပါတယ်။”ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးသည် မဟာသုဗောဓာရုံကျောင်းတိုက်များ၏ ဦးစီးပဓာနနာယကဖြစ်ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ်၊ ပညာဘူမိတက္ကသိုလ်၏ သဘာပတိလည်း ဖြစ်သည်။

ထို့အပြင် ဆရာတော်သည် ၂၀၁၈ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး သံဃာ့ဂိုဏ်းဖြစ်သည့် ရွှေကျင်နိကာယ၏ ဥပ ဥက္ကဋ္ဌ (တွဲဖက်သာသနာပိုင်)၊ မဟာနာယကတာဝန်ကို ထမ်းရွက်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here