ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ သက်သေခံလက်မှတ် (CI) ပျောက်ဆုံးပါက လျှောက်ထားနိုင်ပြီဖြစ်

0
212

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ သက်သေခံလက်မှတ် (CI) ပျောက်ဆုံးပါက လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာသံရုံး (ဘန်ကောက်)က ထုတ်ပြန်အသိပေးထားသည်။

မြန်မာလုပ်သားများအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအဖြစ်ထုတ်ပေးထားသည့် သက်သေခံလက်မှတ် (CI) စာအုပ် ပျောက်ဆုံးပါက သတ်မှတ်ထားသည့်အချက်အလက်များနှင့် နိုင်ငံကူးလက်မှတ် (PJ)လာရောက် လျှောက်ထားနိုင်သည့် ‌ဆောင်ရွက်ပေးမှုတစ်ခုဖြစ်သည်။

ယင်းအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယခုလ နိုဝင်ဘာ (၁၄) ရက်မှ စတင်ပြီး လျှောက်ထားခွင့်ပြုထားခြင်းလည်းဖြစ်သည်။

ယင်းသို့ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်သည် CI ပျောက်ဆုံးသွားသည့် မြန်မာလုပ်သားများ အခက်ခဲမဖြစ်ပေါ်
စေရေးနှင့်အထောက်အထားခိုင်လုံစွာဖြင့် နေထိုင်အလုပ်လုပ်ကိုင်နိုင်စေရေးအတွက် သာမာန် နိုင်ငံကူးလက်မှတ်ကို စိစစ်ထုတ်ပေးရန်လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ လျှောက်ထားရာတွင် (CI)စာအုပ်မိတ္တူ၊ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာနယ်မြေရဲစခန်းမှ (CI)စာအုပ်ပျောက်ဆုံးကြောင်း ထောက်ခံစာ၊ အဆိုပါ ထောက်ခံစာအား အင်္ဂလိပ်ဘာသာသို့ နိုတြီပြန်ဆိုချက်၊ ထိုင်းနိုင်ငံဆိုင်ရာ- မြန်မာသံရုံးမှ (CI)စာအုပ်ပျောက်ဆုံးကြောင်း ထောက်ခံစာမူရင်း၊ Work Permit ၊ နိုင်ငံသားစီစစ်ရေးကဒ်(မူရင်း)၊ အိမ်ထောင်စုစာရင်းမိတ္တူတို့အားယူဆောင်၍ ထိုင်းနိုင်ငံ၊မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလက်ကောက်ယူရေးစင်တာသို့ သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here