မြန်မာနိုင်ငံအတွက် တကယ်ကိုလိုအပ်တဲ့ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးနေတဲ့ Mytel

0
465

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်တဲ့ Mytel ဟာ နေ့စဉ်လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေရတဲ့ လူများစွာအတွက်ရည်ရွယ်ပြီး ကူညီလှူဒါန်းမှူတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက် အမြဲတမ်း ကူညီပေးလျက်ရှိပါတယ်။ Mytel Myanmar ဟာ ပထမခြေလှမ်းအနေနဲ့ အိမ်ထောင်စု တစ်သန်းကျော်ကို ပံ့ပိုးပေးခြင်းဖြင့် မြန်မာနိုင်ငံရဲ့ လူမှုအဖွဲ့အစည်းအပေါ် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုများ ပြုလုပ်ပေးလျက်ရှိပါတယ်။ CSR Donation Event အနေနဲ့ စုစုပေါင်း ၅၈၅ခု၊အလှူငွေပေါင်း ၇ဘီလီယံကျော် လှူဒါန်းခဲ့ပြီး တကယ့်ကို လိုအပ်တဲ့ လူပေါင်း ၄၅,၀၀၀ကျော်ကီု ထောက်ပံ့ပေးခဲ့ပြီး ဝေးလံခေါင်သီတဲ့နယ်ဘက်တွေအပြင် မကြာသေးမီက ဖြစ်ခဲ့တဲ့ ရေကြီးရေလျံမှုတွေ၊ မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ဒေသတွေကိုလဲ သွားရောက်လှူဒါန်းပေးခဲ့ပါသေးတယ်။

ဒါ့အပြင် “Mytel ရဲ့ CSR Program” က မြန်မာနိုင်ငံရဲ့လူမှုအသိုင်းအဝိုင်းမှာ ဖြစ်ပေါ်နေတဲ့နေ့စဉ်စိန်ခေါ်မှုများ၊ ပညာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့်အတူ ရပ်ရွာများ၏ လိုအပ်ချက်များကို ဖြေရှင်းရန် ရည်မှန်းချက် ၅ချက်နဲ့အညီလုပ်ဆောင်လျက်ရှိပါသည်။ အဓိကရည်ရွယ်ချက်ကတော့ မိမိတို့၏ လူမှုပတ်ဝန်းကျင်နှင့် နေ့စဉ်အခြေအနေတွေမှာ သိသာထင်ရှားသော စိန်ခေါ်မှုများ ကြုံတွေ့နေရသော မြန်မာလူမျိုးများကို အချိန်နှင့်တစ်ပြေးညီ ကူညီပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့် ညီညွတ်သော လူ့အဖွဲ့အစည်းတိုင်းရှိ ကလေးသူငယ်များ၏ အဓိကကျသော အခန်းကဏ္ဍတစ်ခု ဖြစ်သည့် ကလေးတစ်ဦးချင်းစီ၏ ဘဝနှင့် နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်နိုင်ရန်၊ ဒီထက်မကစွမ်းဆောင်နိုင်စေရန် Mytel သည် ပညာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ကျောင်းများနှင့် ကလေးငယ်များအား သင်ယူမှုဆိုင်ရာ စိတ်အားထက်သန်မှုယဉ်ကျေးမှုကိုလည်း CSR အစီအစဉ်များနှင့်အတူ မြှင့်တင်ပေးလျက်ရှိပါသည်။

ဒုတိယအနေဖြင့် Mytel Myanmar သည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသည့် လူမှုအသိုင်းအဝိုင်းများရဲ့လိုအပ်ချက်များကို ဖြေရှင်းရန်အတွက် အမျိုးမျိုးသော ခြေလှမ်းများကို အကောင်အထည်ဖော်ခဲ့ပြီး လေဘေးဒဏ်သင့်ဒေသများ ပြန်လည်တည်ဆောက်ရေးအတွက် အစားအသောက်နှင့် ငွေကြေးအကူအညီပေးမှုများ ပြုလုပ်ခဲ့ပါတယ်။ထို့အပြင် Mytel Myanmar သည် ဝေးလံခေါင်သီသောဒေသများအတွက် ဆိုလာမီးစနစ်များကို အကောင်အထည်ဖော်ခြင်းဖြင့် ရပ်ရွာလုံခြုံရေးနှင့် သာယာဝပြောရေးတို့အတွက် ညဘက်တွင် လမ်းမီးများ ပံ့ပိုးပေးနိုင်ရန်လည်း အစဉ်တစိုက် ကူညီပြင်ဆင်လျက်ရှိနေပါတယ်။

ဒါ့အပြင် Mytel သည် နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံများတွင် မရှိမဖြစ်လိုအပ်သော ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးဆောင်ရန်နှင့် ကျန်းမာသန်စွမ်းသော လူ့အဖွဲ့အစည်းကို ပံ့ပိုးကူညီရန်အတွက် တစ်ဦးချင်းစီအတွက် ရန်ပုံငွေပံ့ပိုးပေးနိုင်ရန် ပံ့ပိုးကူညီပေးထားပါတယ်။Mytel သည် သောက်သုံးရေ ချို့ယွင်းနေသည့် ဒေသများကို ပံ့ပိုးကူညီရန် အမြဲအသင့်ရှိနေသလို အဲ့ဒီရွာမှာရှိကြတဲ့နေထိုင်သူအားလုံးရဲ့ကျန်းမာရေးနှင့် သုခကို သေချာစေရန်အတွက် ရေသန့်စက်စက်များ၊ သံမဏိကန်များနှင့် ဖိအားပန့်များ ကိုလည်း လှူဒါန်းခဲ့ပါတယ်။လာမည့်နှစ်များတွင် Mytel CSR Program သည် မတူကွဲပြားသော အစပျိုးမှုများစွာကို အကောင်အထည်ဖော်ရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ပြီး လာမယ့် CSR ပရိုဂရမ်များတွင် အဆင့်မြှင့်ကိရိယာများ၊ စက်ကိရိယာများနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပေးဆောင်ခြင်းဖြင့် အကူအညီပေးနိုင်ရန် ရည်ရွယ်ပြီး လူမှုအသိုက်အဝန်းများ မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း ပိုမိုတောက်ပသောအနာဂတ်ကို ဖြစ်လာစေရန် ရည်မှန်းချက်ထားရှိပါတယ်။

နောက်ဆုံးအနေနဲ့ Mytel သည် လူတစ်ဦးချင်း၊ အဖွဲ့အစည်းများနှင့် CSR နဲ့ သက်ဆိုင်သူများကို ယခုလို ကြိုးပမ်းမှုများတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်သလို လက်တွဲလုပ်ဆောင်ခြင်းဖြင့် လိုအပ်နေသောသူတွေရဲ့ ဘဝတွေကို ပိုမို ပံ့ပိုးကူညီဖန်တီးနိုင်ပေးနိုင်မှာဖြစ်ပါတယ်။

Mytel CSR အစီအစဉ်အကြောင်း ပိုမိုသိရှိလိုပါက https:// facebook.com/empower024 တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here