ဗီယက်နမ်မှာမိုးကြီးလို့ နေအိမ်ထောင်ချီ ရေနစ်မြုပ်

0
229

ဗီယက်နမ်နိုင်ငံမှာ လူနေအိမ်ထောင်ပေါင်းများစွာ ရေလွမ်းမိုးခဲ့ပြီး အဝေးပြေးကားလမ်းတွေ အဆက်အသွယ်ပြတ်တောက်သွားစေလောက်အောင် မိုးအကြီးအကျယ် ရွာသွန်းခဲ့ပြီးနောက် ခရီးသွားတွေအကြား နာမည်ကျော်တဲ့ ရှေး ဟောင်းမြို့ Hue ဟာ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၅)မှာ ရေနစ်မြုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ရေမြုပ်နေတဲ့ လမ်းမတွေပေါ် လူတွေ ခက်ခက်ခဲခဲသွားလာနေပုံ၊ နေအိမ်တွေနဲ့ မော်တော်ကားတွေ ရေနစ်မြုပ်နေပုံတွေကို နိုင်ငံပိုင်သတင်းဋ္ဌာနက ဖော်ပြခဲ့ပါတယ်။

“အင်္ဂါ နေ့ညပိုင်းကစလို့ ရေတွေ အတော်မြန်မြန် တက်လာခဲ့ပြီးတော့ မြို့နေရာအနှံ့ ရေလွှမ်းသွားတာပါ’ လို့ Hue မြို့ခံတစ်ဦးက AFP သတင်းဋ္ဌာနကို ပြောဆိုပါတယ်။

ဒါ့အပြင်မှာ လျှပ်စစ်မီးပြတ်တောက်နေတယ်လို့လည်း သူ က ဆက်လက် ပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့ကစလို့ နိုင်ငံကမ်းရိုးတန်းတလျှောက် ပြည်နယ်များစွာမှာ မိုးအကြီးအကျယ်ရွာသွန်းနေခဲ့တာလို့ သိရပါတယ်။

နိုင်ငံအလယ်ပိုင်း Quang Tri ပြည်နယ်မှာ လူပေါင်း ၂၀၀၀ ကျော်ကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်းနဲ့ လူ (၃)ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဗုဒ္ဓဟူးနေ့မှာ အာဏာပိုင်တွေက အသိပေးပြောဆိုခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here