သမ္မတဘိုင်ဒင်၏ မြေးမော်တော်ယာဉ်အတွင်း ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားသူများအား လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်များက ပစ်ခတ်တားဆီး

0
195

သမ္မတ ဂျိုးဘိုင်ဒင်၏ မြေးဖြစ်သူအတွက် စီစဉ်ပေးထားသော မြို့တော်ရှိ အမှတ်အသားမပါရှိသည့် လျှို့ဝှက်ဝန်ဆောင်မှုမော်တော်ယာဉ်ကို လူသုံးဦးက ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားသဖြင့် လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်များက ပစ်ခတ်ခဲ့တားဆီးခဲ့ရကြောင်း ဥပဒေစိုးမိုးရေးဆိုင်ရာအရာရှိတစ်ဦးက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

တနင်္ဂနွေညနှောင်းပိုင်းက Georgetown ရပ်ကွက်တွင် ရပ်ထားသည့် လူမရှိသော လျှို့ဝှက်ဝန်ဆောင်မှုမော်တော်ယာဉ်တစ်စီး၏ ပြတင်းပေါက်ကို အမည်မသိရသေးသော လူသုံးဦးက ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။ မည်သူ့အတွက် လျှို့ဝှက်ဝန်ဆောင်မှုပေးထားသော ကားဖြစ်သည်ကိုမူ လူနာမည်ထုတ်ဖော်ပြောကြားခြင်းမရှိသလို၊ စုံစမ်းစစ်ဆေးမှုအသေးစိတ်ကိုလည်း ထုတ်ဖော်ပြောကြားခြင်းမရှိပါ။ သို့ရာတွင် အဆိုပါ လျှို့ဝှက်ဝန်ဆောင်မှုမော်တော်ယာဉ်သည် သမ္မတ ဂျိုးဘိုင်ဒင်၏ မြေးဖြစ်သူ အသက် ၂၉ နှစ်အရွယ်ရှိ နာအိုမီဘိုင်ဒင်အတွက် ဝန်ဆောင်မှုပေးထားသော မော်တော်ယာဉ်ဖြစ်ကြောင်း သတင်းဌာနများက စုံစမ်းသိရှိခြင်းဖြစ်သည်။

အေးဂျင့်တစ်ဦးက ထိုသူများကို ပစ်ခတ်ခဲ့သော်လည်း ပစ်ခတ်မှုတွင် မည်သူမျှ ထိမှန်ခြင်းမရှိကြောင်း လျှို့ဝှက်ထောက်လှမ်းရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ လူသုံးဦးမှာ အနီရောင်ကားတစ်စီးဖြင့် ထွက်ပြေးသွားသည်ကို မြင်တွေ့ရပြီး ၎င်းတို့အား စောင့်ကြည့်ရန် မြို့တော်ရဲတပ်ဖွဲ့ထံ ဒေသဆိုင်ရာ စာစောင်တစ်ခု ထုတ်ပြန်ထားကြောင်းကိုလည်း လျှို့ဝှက်ထောက်လှမ်းရေးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here