ရှမ်းမြောက် ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီမြို့နယ်တို့တွင် ည(၆) နာရီမှ မနက် (၆) နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်

0
333

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီမြို့နယ်များတွင် ည (၆) နာရီမှ မနက်(၆) နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညမထွက်ရအမိန့်ကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက ယနေ့ နိုဝင်ဘာ (၁၅) ရက်ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမိန့်ထုတ်ပြန်ချက်အရ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန်းန္နီမြို့နယ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှအပ မည်သူမျှ လမ်းများပေါ်၌ သွားလာခြင်း မပြုရန်နှင့် လိုက်နာခြင်း မရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးဖမ်းဆီးကာ ထိရောက်စွာအရေးယူခွင့် ပေးထားခြင်း ဖြစ်သည်။

ထို့အပြင် အဆိုပါ မြို့နယ်များအတွင်း အမိန့်တစ်စုံတစ်ရာမရှိဘဲ နံနက် (၆)နာရီမှ ည(၆) နာရီအတွင်း လူ (၅)ဦးနှင့် လူ (၅) ထက်ပို၍ဖြစ်စေ လမ်းပေါ်တွင် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်မှုပြုခြင်း၊ တုတ်၊ ဓ-ါး၊ လက်နက်နှင့် မီးလောင်စေတတ်သော အရာများ ကိုင်ဆောင်ခြင်းမပြုရန် လမ်းပေါ်တွင် လူစုလူဝေးဖြင့် အတားဆီးများပြုလုပ်ပြီး လမ်းပိတ်ခြင်း မပြုရန်လည်း တားမြစ်ထားသည်။

ထို့အပြင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများကိုလည်း မည်သည့်နည်းနှင့်မျှ မနှောင့်ယှက်ရန်၊ ဟန့်တားခြင်းမပြုရန်လည်း သတိပေးထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် ထိတွေ့မှုများ ပြင်းထန်နေသည့် မြို့နယ်(၈)ခု တွင် စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားပြီး အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ ဒေသကွတ်ကဲရေးမှူးတို့ကို စီမံအုပ်ချုပ်ခွင့် ပေးထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here