SME လုပ်ငန်းများအတွက် ကျပ် ၄၇၇ ဘီလီယံကျော် ထုတ်ချေးထားပြီးဟု စီမံဘဏ္ဍာ ဒုဝန်ကြီးပြော

0
252

ပြည်တွင်းရှိ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အောက်တိုဘာလကုန်ထိ လုပ်ငန်းရှင်များကို ကျပ် ၄၇၇ ဘီလီယံကျော် ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

နိုဝင်ဘာ (၁၄) ရက်တွင် ပြုလုပ်ခဲ့သည့် SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေ ရရှိရေးလုပ်ငန်းအဖွဲ့၏ (၂/၂၀၂၃) အ စည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့် (၁) ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်း အဆင့် ၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင် အကော င်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းအဆင့် (၁) တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သည့် PFI ဘဏ်(၆) ဘဏ်မှတဆင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်အထိ SME လုပ်ငန်းရှင် ၆၀၄ ဦးကို ချေးငွေ ကျပ် ၁၃၈ ဒသမ ၁၄၈ ဘီလီယံကို ထုတ်ချေးခဲ့ကြောင်း ၎င်းကဆိုသည်။

အလားတူ စီမံကိန်းအဆင့် (၂) တွင် PFI ဘဏ် (၁၁) ဘဏ်မှတဆင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်အထိ SME လုပ်ငန်းရှင် ၁၇၇၃ ဦးကို ချေးငွေကျပ် ၃၃၉ ဒသမ ၁၇၉ ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

SME ချေးငွေများကို သွင်းကုန်အစားထိုး ပို့ကုန်မြှင့်တင်သည့်လုပ်ငန်းများတွင်ထုတ်ချေးခဲ့ပြီး နိုင်ငံအတွက်လိုအပ်သည့် ထုတ်ကုန်များထုတ်လုပ်ရန် လုပ်ငန်းများ၌ ဆက်လက်ထုတ်ချေးရန်လည်း အစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here