မင်္ဂလာဒုံမြို့နယ်၊ ရွှေညောင်ပင်ကုန်းထိပ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး လူ(၁)ဦး ညပ်နေရာ ကူညီကယ်ဆယ်ခဲ့ရ

0
164

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေညောင်ပင်ကုန်းထိပ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး လူ(၁)ဦး ညပ်နေရာ မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များမှ သွားရောက် ကူညီကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ရွှေညောင်ပင်ကုန်းထိပ်တွင် နိုဝင်ဘာ (၁၆)ရက်၊ နံနက် (၆)နာရီကျော်အချိန်ခန့်က ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး လူ(၁)ဦး ညပ်နေကြောင်း သတင်းအရ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ညပ်နေသည့် အမျိုးသားတစ်ဦးကို နံနက် (၆)နာရီ(၂၁)မိနစ်အချိန်တွင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ကယ်ထုတ်နိုင်ခဲ့ပြီး မဇ္ဇျိမပရဟိတအသင်းသူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here