Airbus လေယာဉ်ကြီး ၁၁ စင်း ဝယ်ယူရန် အီသီယိုပီးယား လက်မှတ်ရေးထိုး

0
394

အီသီယိုးပီးယားလေကြောင်းလိုင်းသည် ဗုဒ္ဓဟူးနေ့က စတင်ကျင်းပသည့် ဒူဘိုင်းလေကြောင်းပြပွဲတွင် ကျယ်ဝန်းသော A350 အမျိုးအစား Airbus လေယာဉ် ၁၁ စင်းကို ဝယ်ယူရန် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်သည်။

အီသီယိုပီးယားလေကြောင်းလိုင်းသည် ဘိုးအင်းအမျိုးအစား လေယာဉ် ၃၁ စင်းကို ဝယ်ယူပြီးနောက် တစ်ရက်အကြာတွင် ယခုကဲ့သို့ ထပ်မံဝယ်ယူရန် လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။

“ဒီလေယာဉ်တွေဟာ ခရီးသည်တွေကို ပိုသက်တောင့်သက်သာဖြစ်စေတဲ့အတွက် ကျွန်တော်တို့ အထူးစိတ်လှုပ်ရှားမိပါတယ်” ဟု Ethiopian Airlines Group ၏ CEO Mesfin Tasew က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့သည် နောက်ဆုံးပေါ် နည်းပညာသုံး လေယာဉ်များကို ဝယ်ယူရန်နှင့် ကျွန်ုပ်တို့၏ လေကြောင်းလိုင်းကို ချဲ့ထွင်ရန် စိတ်အားထက်သန်လျက် ရှိသည်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here