လားရှိုးတက္ကသိုလ် ၂၀၂၃ ပညာသင်နှစ် အဝေးသင် တတိယအသုတ် မြန်မာစာနှင့် သမိုင်းအထူးပြုသင်တန်းများ၏ စာမေးပွဲ အားလုံးကို ရက်ရွှေ့ဆိုင်း

0
364

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်တွင် ၂၀၂၃-ပညာသင်နှစ် အဝေးသင် တတိယအသုတ် မြန်မာစာနှင့် သမိုင်း အထူးပြုသင်တန်းများ အားလုံး၏ စာမေးပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ် ပါမောက္ခချုပ်က ထုတ်ပြန်‌ ကြေညာထားသည်။

လားရှိုးတက္ကသိုလ်၌ ကျင်းပလျက်ရှိသော စာမေးပွဲများကို ယနေ့ နိုဝင်ဘာ (၁၆)ရက် နေ့လယ်ပိုင်းမှ စတင်၍ ရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဌေးအောင်က လက်မှတ်ထိုးကာ ယနေ့ နိုဝင်ဘာ (၁၆) ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် လားရှိူးမြို့တွင် ည (၆) နာရီမှ မနက် (၆) နာရီအထိ ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားပြီး နံနက် (၆) နာရီမှ ည (၆) နာရီအထိ လူ (၅) ဦးထက် ပိုမိုစုဝေးခြင်း မပြုရန်လည်း တားမြစ်ထားသည်။

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ သိန္နီ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်များတွင်လည်း စစ်အုပ်ချုပ်ရေး ကြေညာထားကာ ည (၆) နာရီမှ မနက်(၆) နာရီအထိ ညမထွက်ရ အမိန့်လည်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၁၃) ရက်လည်း ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်တွင် ဖြေဆိုမည့် အဝေးသင်တတိယအသုတ်စာမေးပွဲများကို ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းကြောင်းနစကမှ သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here