အမေရိက၏ခြိမ်းခြောက်မှုများကိုပိုမိုပြင်းထန်စွာတုံ့ပြန်မည်ဟုမြောက်ကိုရီးယားဆို

0
244

ဆိုးလ်၊နိုဝင်ဘာ ၁၆

အမေရိကန်ထိပ်တန်းကာကွယ်ရေးအရာရှိများ၏ မကြာသေးမီက သွားရောက်ခဲ့သော တောင်ကိုရီးယားခရီးစဉ်ကို မြောက်ကိုရီးယားကဝေဖန်ရှုံ့ချခဲ့ပြီး အမေရိကနှင့်၎င်းမဟာမိတ်များ၏ ခြိမ်းခြောက်မှုများကို ပြင်းထန်စွာတုံ့ပြန်မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်သည့် KCNA ၌မူ ကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်၏ ဆိုးလ်ခရီးစဉ်အားပြစ်တင်ဝေဖန်ကာ အမေရိကသည် ဒေသတွင်းတင်းမာမှုမြင့်တက်အောင်ပြုလုပ်နေသည်ဟုလည်း‌ မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ကြောင်းဖော်ပြထားသည်။

အော်စတင်၏ခရီးစဉ်အတွင်း တောင်ကိုရီးယားနှင့်အမေရိကတို့သည် မြောက်ကိုရီးယား၏ တိုးမြင့်လာနေသော နျူကလီးယားနှင့်ဒုံးကျည်ခြိမ်းခြောက်မှုများကို ဟန့်တားရန်ရည်ရွယ်သည့် နှစ်နိုင်ငံလုံခြုံရေးသဘောတူညီချက်ကို ပြန်လည်ပြင်ဆင်ခဲ့ကြသည်ဟုလည်းသိရသည်။

အမေရိကန်နှင့်၎င်းမဟာမိတ်များ၏ ကြီးမားသောစစ်ရေးလေ့ကျင့်မှုနှင့် ဒေသတွင်းအမေရိက၏ မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုများ တိုးပွားလာမှုကြောင့် ကိုရီးယားကျွန်းဆွယ်၌စစ်ရေးတင်းမာမှုများ ပိုမိုဆိုးရွားလာခြင်းသည် အမေရိကနှင့်မဟာမိတ်များ၌သာတာဝန်ရှိကြောင်း မြောက်ကိုရီးယားကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here