လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ မန်နားကျေးရွာတွင် ‌ေ-သဆုံးနေသည့် အမျိုးသားတစ်ဦး ရုပ်အလေ-ာင်း တွေ့ရှိ

0
241

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၊ ဟူးမွန်ကျေးရွာအုပ်စု၊ မန်နားကျေးရွာ၊ ဘဝသစ် လူငယ်ပြုစုထူထောင်ရေး ပရဟိတဂေဟာအနီးတွင် ‌ေ-သဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလေ-ာင်းအား တွေ့ရှိခဲ့ရကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ သိရသည်။

လားရှိုးမြို့၊ ဟူးမွန်ကျေးရွာအုပ်စု၊ မန်နားကျေးရွာ၊ ဘဝသစ် လူငယ်ပြုစုထူထောင်ရေး ပရဟိတဂေဟာအနီးတွင် နိုဝင်ဘာ (၁၅)ရက် ညနေ (၄)နာရီ (၂၉)မိနစ်အချိန်ခန့်က ‌ေ-သဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလေ-ာင်း တွေ့ရှိကြောင်း ကူညီပေးနိုင်ပါရန် တာဝန်သိ ပြည်သူတစ်ဦးမှ အသင်းသို့ ဆက်သွယ်ရာမှ သွားရောက်ကူညီခဲ့ခြင်း ဖြစ်သည်။

အခင်း ဖြစ်ရာနေရာသို့ ရောက်ရှိချိန်တွင် တာဝန်ရှိသူများမှ လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်ပြီး ‌ေ-သဆုံးနေသည့် အမျိုးသား၏ ရုပ်အလေ-ာင်းအား သယ်ဆောင်၍ လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာန၊ ထိုမှ တဆင့် ရင်ခွဲရုံသို့ (PR-013)ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

‌ေ-သဆုံးသူ၏ အမည်၊ နေရပ် မသိရှိရသေးဘဲ ‌ေ-သဆုံးသူအား သိရှိပါက မိသားစုဝင်များထံသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးနိုင်ပါရန် အသင်းမှ မေတ္တာရပ်ခံထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here