မြန်မာ့မီးရထားရုံးချုပ်နေရာရှိ ရိုးမစင်ထရယ် စီမံကိန်း ယခုနှစ်ကုန် ပြန်စမည်

0
252

မြန်မာ့စီးပွားရေးလုပ်ငန်းစုကြီး ရိုးမအုပ်စုက ၂၀၂၁ ခုနှစ်နောက်ပိုင်း လုပ်ငန်းရပ်ဆိုင်းထားသည့် ရန်ကုန်မြို့လယ်တွင် တည်ရှိသည့် ရိုးမစင်ထရယ်စီမံကိန်းကို ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းပြန်လည်စတင်နိုင်ရေးအတွက် ပြင်ဆင်မှုများကို စီစဉ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်နေကြောင်း စင်ကာပူ စတော့အိတ်ချိန်စာရင်းဝင် Yoma Strategic Holdings မှ ပြောရေးဆိုခွင့်ရှိသူက Nikkei Asia သို့ ဖြေကြားထားသည်။

အကျယ်အဝန်း (၄)ဟက်တာခန့်ရှိသည့် စီမံကိန်းမြေပေါ်၌ ဟိုတယ်နှင့် လူနေအိမ်ခန်းတို့ ပါဝင်သည့် အဆောက်အအုံ (၄) လုံး ပါရှိပြီး ရိုးမအုပ်စုက စီမံကိန်း၏ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကာ ဂျပန်ထိပ်သီးစီးပွားရေးလုပ်ငန်း Mitsubishi လည်း ရှယ်ယာထည့်ဝင်ထားသည်။

Yoma Strategic ၏ အဆိုအရ လူနေအိမ်တာဝါများဖြင့် လုပ်ငန်းပြန်လည်စတင်မည်ဖြစ်ကြောင်း သိရှိရသည်။

ရိုးမအုပ်စု၏ နောက်ထပ် ဆိုင်းငံ့ထားသည့် စီမံကိန်းများအတွင်း ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်လုပ်ငန်းစုမှ အော်ပရေတာအဖြစ် ဆောင်ရွက်နေသည့် Peninsula Yangon ဟိုတယ်စီမံကိန်းလည်း ပါဝင်လျက်ရှိပြီး အော်ပရေတာဘက်က ပြန်လည်စတင်ဖို့ အဆင့်ဖြစ်နေပြီဟု မတ်လပိုင်းတွင် ပြောကြားထားသည်။

မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုအများစုက ခိုင်မာသည့် အိမ်ခြံမြေကဏ္ဍသို့ အများဆုံး စီးဝင်လျက်ရှိပြီး အဆိုပါ အိမ်ခြံမြေရောင်းအားကြောင့် ရိုးမစင်ထရယ်စီမံကိန်းကို ပြန်လည်စတင်နိုင်ရေး တွန်းအားဖြစ်စေခဲ့ကြောင်း သိရသည်။

Ref : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here