မြင်းလွတ်သွားသဖြင့် လေယာဉ်ပြန်လှည့်ပြီးအရေးပေါ်ဆင်းသက်ခဲ့ရ

0
250

နူးယော့ခ်မှဘယ်လ်ဂျီယံသို့ပျံသန်းမည့်ကုန်တင်လေယာဉ်ပေါ်ရှိ မြင်းဇောင်းမှ မြင်းတစ်ကောင်လွတ်သွားသဖြင့် ဘိုးရင်း ၇၄၇ လေယာဉ်သည် အရေးပေါ်ပြန်လှည့်ကာ လေယာဉ်ကွင်းသို့ဆင်းသက်ခဲ့ရကြောင်းသိရသည်။

လေယာဉ်မှူးကမူ ရာသီဥတုအခြေအနေနှင့်လေယာဉ်ကို ထိန်းချုပ်မှု ကောင်းနေသော်လည်း မြင်းတစ်ကောင်လွတ်သွားပြီး ထွက်ပြေးရန်ကြိုးပမ်းနေသဖြင့် အခက်အခဲတွေ့နေရသည်ဟုပြောကြားခဲ့သည်။

အဆိုပါမြင်းအား လုံခြုံအောင်ပြန်ထားပြီးမထိန်းသိမ်းနိုင်သဖြင့် အန္တရာယ်များသောကြောင့် လေယာဉ်ကိုယခုကဲ့သို့ ပြန်လှည့်ရခြင်းဖြစ်ပြီး ပြန်လှည့်ချိန်၌လည်း လေယာဉ်၏အလေးချိန်အနေအထားအရ တင်ဆောင်လာသည့်လောင်စာဆီအချို့ကိုလည်း စွန့်ချခဲ့ရကြောင်းပြောကြားခဲ့သေးသည်။

လေဆိပ်သို့ပြန်ဆင်းပြီးချိန်၌ လေယာဉ်မှူးကအဆိုပါမြင်းအတွက် တိရစ္ဆာန်ကုဆရာဝန်တစ်ဦးအားတောင်းဆိုခဲ့ကြောင်းလည်းသိရသည်။

လေယာဉ်ပေါ်၌ မြင်းအားမည်သည့်အတွက်သယ်ဆောင်သွားသည်ကိုမသိရသေးသော်လည်း ဖြစ်နိုင်ချေအများဆုံးမှာမူ ပြိုင်မြင်းအဖြစ်သုံးရန်ဖြစ်နိုင်သည်ဟုလည်းခန့်မှန်းကြသည်။

လေယာဉ်ပျံသန်းနေစဥ် လေယာဉ်ပေါ်ရှိတိရစ္ဆာန်ထားရာနေရာများမှ သတ္တဝါများလွတ်ထွက်လာခြင်းသည် ယခုမှ ပထမဆုံးအကြိမ် ဖြစ်ခြင်း မဟုတ်ဘဲ ပြီးခဲ့သည့်ဩဂုတ်လကလည်း ဒူဘိုင်းမှဘဂ္ဂဒက်သို့ဦးတည်ပျံသန်းမည့်လေယာဉ်ပေါ်တွင်လည်း ဝက်ဝံတစ်ကောင်လွတ်မှုဖြစ်ခဲ့ဖူးကြောင်းသိရသည်။

Source : BBC


LEAVE A REPLY

Please enter your comment!
Please enter your name here