ရုရှားနယ်စပ်ရှိ စစ်ဆေးရေးဂိတ် လေးခု ဖင်လန်ပိတ်

0
150

ရုရှားနှင့်နယ်စပ်ရှိ စစ်ဆေးရေးဂိတ် လေးခုကို သောကြာနေ့တွင် ပိတ်ပစ်မည်ဖြစ်ကြောင်း ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် Petteri Orpo က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ဖင်လန်နိုင်ငံသည် အရှေ့ဘက်နယ်စပ်ရှိ စစ်ဆေးရေးဂိတ်များကို ပိတ်ပစ်မည်ဟု ၎င်းက ဆိုသည်။ “သောကြာနှင့် စနေနေ့ညများတွင်ပိတ်ပါမည်”ဟုလည်း သူကဆိုသည်

ဖင်လန်အစိုးရ၏ အဆိုအရ မကြာသေးမီက ဖင်လန်နိုင်ငံအရှေ့ပိုင်းနယ်စပ်သို့ ရောက်ရှိလာသည့် တတိယနိုင်ငံသူ နိုင်ငံသားဦးရေ တိုးပွားလာမှုအပေါ် “ပြတ်ပြတ်သားသား တုံ့ပြန်ရန်” လိုအပ်ကြောင်း၊ အကြောင်းမှာ ယင်းသည် လူထုစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေသည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သိရသည်။ ရွှေ့ပြောင်းဒုက္ခသည် ၂၈၀ ဦးသည် ယခုနှစ် ဆောင်းရာသီတွင် ခိုလှုံခွင့်တောင်းခံထားကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

စစ်ဆေးရေးဂိတ်များသည် Vaalimaa၊ Nuijamaa၊ Imatra နှင့် Niirala တို့တွင် တည်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီး Mari Rantanen က ပြောကြားသည်။ ဖင်လန်နယ်ခြားစောင့်တပ်၏အဆိုအရ Vartius၊ Salla၊ Kuusamo နှင့် Raja-Jooseppi ရှိ စစ်ဆေးရေးဂိတ်များကိုမူ ဆက်လက်ဖွင့်ထားဦးမည်ဖြစ်ကြောင်း သိရသည်။

ရုရှားသည် ဖင်လန်၏ ဆုံးဖြတ်ချက်နှင့် ဖင်လန်နိုင်ငံ၏ ပြောဆိုချက်များနှင့် ပတ်သက်၍ လက်ရှိအခြေအနေမှန်ကို ပိုင်းခြားစိတ်ဖြာသွားမည် ဖြစ်ကြောင်း ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here