တရုတ်ကာကွယ်ရေးဝန်ကြီးအသစ်ခန့်ပြီးပါက ကန်ကာကွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံမည်

0
202

ဝါရှင်တန်၊နိုဝင်ဘာ ၁၇

ပေကျင်းက ကာကွယ်ရေးဝန်ကြီး အသစ်ကို ခန့်အပ်ပြီးပါက အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့သည်။ သမ္မတရှီနှင့်သမ္မတဘိုင်ဒင်တို့သည် ဆန်ဖရန်စစ္စကို၌တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကြားစစ်ရေးဆက်ဆံမှုကို မြှင့်တင်ရန်လည်းသဘောတူညီခဲ့ကြသည်။

ပေကျင်းသည် ယခင်ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာလီရှန်ဖူအား အောက်တိုဘာလ၌ ရာထူးမှဖယ် ရှားခဲ့ပြီးနောက် ယခုအထိ ကာကွယ်ရေးဝန်ကြီးအသစ်မခန့်အပ်ရသေးပေ။

တရုတ်ဘက်မှ အမေရိကန်နှင့်ကာကွယ်ရေးဆွေးနွေးပွဲများပြုလုပ်ရန်လက်ခံလိုက်ခြင်းသည် ဒေသတွင်းရန်လိုမှုများကိုပါ လျှော့ချလိုက်ခြင်းမျိုးဟုတ်မဟုတ်အား ပြောရန်စောလွန်းသေးသည်ဟုလည်း အော်စတင်က ပြောကြားခဲ့သည်။

“ကျွန်တော့်အနေနဲ့ တရုတ်နိုင်ငံရဲ့အပြုအမူတွေနဲ့ ရှေ့ဆက်လုပ်ဆောင်မဲ့အရာတွေကိုကြိုတင်ခန့်မှန်းဖို့မလွယ်ကူနိုင်ပါဘူး” ဟုလည်းမစ္စတာအော်စတင်ကပြောကြားခဲ့သေးသည်။

Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here