မန္တလေးမြို့ လမ်း (၃၀) ရှိ အောင်ရွှေဆိုင် ဓ-ါးပြတိုက်ခံရပြီး ဆိုင်ရှိ ရွှေထည်ပစ္စည်းများ အားလုံး လုယက်ခံလိုက်ရ

0
1917

မန္တလေးမြို့ လမ်း (၃၀) ၊ (၇၂) လမ်းနှင့် (၇၃) လမ်းကြားရှိ အောင်ရွှေဆိုင်တွင် နံနက် (၁၀) နာရီခွဲ အချိန်ခန့်က ဓ-ါးပြ တိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ရှိ ရွှေထည်ပစ္စည်းများအားလုံး လုယက်ခံလိုက်ရကြောင်း မန္တလေးမြို့ ဒေသခံများထံ ကနဦးသတင်းများအရ သိရသည်။

“ဆိုင်ဓ-ားမြ တိုက်ခိုက်ခံလိုက်ရပြီ။ ရင်တွေလည်း ကွဲပါပြီ။ ‌ေ-သနတ်တွေလည်းပစ်၊ လူမထိတာဘဲ ကံကောင်း ၊ ပစ္စည်းတွေပါသွားပြီ။ လုပ်ရက်ကြတယ် “ဟု ရွှေဆိုင်ပိုင်ရှင်ဟု ယူဆရသူ အမျိုးသမီးက လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေ ရေးသားထားသည်။

လက်ရှိတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိ စစ်ဆေးနေပြီး ဓ-ါးပြတိုက်သည့် အဖွဲ့မှာ ကြိုတင်စီစဉ်ထားပြီး ‌ေ-သနတ်ကိုင်ဆောင်ကာ ကားဖြင့် လာရောက်၍ မိနစ်ပိုင်းအတွင်း ရွှေထည်ပစ္စည်းများ အားလုံး ယူဆောင်သွားကြောင်း ကနဦး သတင်းများအရ သိရသည်။

အဆိုပါ ရွှေဆိုင် ဓ-ါးပြတိုက်ခံရမှုနှင့် ပတ်သက်၍ ပေါ်ပြူလာနယူးစ် အနေဖြင့် အသေးစိတ်အချက်အလက်များ ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည့် အချက်အလက်များ အချိန်နှင့်တပြေးညီ ဖြည့်စွက်တင်ပြပေးသွားပါမည်။

ပြီးခဲ့သည့်လအတွင်းကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ (၈၄)လမ်း၊ (၄၁)လမ်းနှင့် (၄ ၂) ကြားရှိ “ပေါ်ဦး” ရွှေဆိုင်တွင် ဓ-ါးပြတိုက်ခံရမှု ဖြစ်ပွားခဲ့သေးပြီး ရွှေဆွဲကြိုးနှင့် ရွှေကလစ် အပါအဝင် စုစုပေါင်း ငွေကျပ် သိန်း (၁၂၀၀)ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ လုယက်ခံရမှု ဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here