တင်ဆက်မှုအသစ်တွေနဲ့ ရန်ကုန်ပွဲခွင်တွေကို အရောက်လှမ်းလာမယ့် စံပြသဘင်

0
372

hanzar-copy

စံပြသဘင်က နိုဝင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး ရန်ကုန်ပွဲခွင်တွေကို ကပြတော့မှာဖြစ်ပါတယ်။ ဇာတ်သဘင် ရာသီအသစ်စတိုင်း  တင်ဆက်မှုအသစ် တွေကို အမြဲတီထွင်ကြံဆထားလေ့ရှိတဲ့ စံပြသဘင်က အခုနှစ်မှာလည်း ပရိသတ် တွေအနေနဲ့ တင်ဆက်မှုအသစ်ေ တွကို ကြည့်ရှုကြရဦးမှာပါ။ စံပြသဘင်မှ ဟန်ဇာမိုး ဝင်း၊ တင်ဇာမိုးဝင်း၊ အဂ္ဂါမိုး ဝင်းတို့မောင် နှမ ၃ ယောက်ရဲ့ အတွဲ ညီညီတင်ဆက် မှု တွေနဲ့အတူ ဟန်ဇာနဲ့ အဂ္ဂါတို့ ညီအစ်ကို နှစ်ဦးရဲ့ တစ်မူထူး ခြားတဲ့ တွဲဖက်တင် ဆက်မှုတွေကိုလည်း ပရိသတ်တွေ မြင်ေ တွ့ကြရ မှာ ဖြစ်ပါ တယ်။ အစ်ကိုဖြစ်သူ ဟန်ဇာမိုးဝင်းက တော့ ညီဖြစ်သူ အဂ္ဂါမိုးဝင်းရဲ့ ကြိုးစားမှု တွေအတွက် ပီတိတွေဖြစ်နေရပြီး ညီ ဖြစ်သူရဲ့ ကြိုးစားထားမှုတွေကို ပရိသတ် တွေ မြင်တွေ့ ရမှာပါလို့လည်း ဆိုပါတယ်။

“သူလုပ်ချင်တာတွေကို သူ့ဘာသာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရဖို့အတွက် လည်း ကျွန်တော် လုပ်ခွင့်ပေးထားပါ တယ်။ သူ မတတ် တာတွေကိုလည်း ကျွန်တော့်ကို မေးပါတယ်။ အဘိုးတို့ကခဲ့ တာတွေကို သူပြန်ကထားတာတွေရှိ တယ်။ အစ်ကိုတို့တောင် သိပ်မကဘူး။ သူ ကဖြစ်တယ်။ ညီအစ်ကို နှစ်ယောက် အတွဲလေးတွေလည်း ကဖြစ်တယ်။ ဒါ ပေမဲ့ အမြဲတမ်းတွဲလို့ မကောင်းတာတွေ လည်းရှိတယ်။ အမြဲတမ်းတွဲနေလို့ရှိရင် ကိုယ့်Image  ချည်းပဲလိုက်ပြီး ဖြစ်နေ မှာစိုးလို့လေ။ တစ်ယောက်တည်း သူ့ကို တင်ပေးတာမျိုးတွေ လည်းရှိ တယ်။ ဒါကြောင့် ကျွန်တော်ကSupport  နေရာ ကနေပြီးတော့ သူ့ကိုပြန်ပို့ပေးတဲ့ အပိုင်း တွေလည်းရှိတယ်။ ဒါကတော့ နည်းပါ တယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ တင်ဆက်မှုအသစ်အသစ်တွေ ကြည့် ရမှာပါ။ မနှစ်ကနဲ့မတူတဲ့ ပြဇာတ် တွေကို ပရိသတ်တွေကြည့်ရမှာ ပါ” လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။ ဖခင်ဖြစ် သူနဲ့ ဦးလေးဖြစ်သူတို့ကခဲ့တဲ့ အက တွေကိုလည်း ညီအစ်ကို နှစ်ဦးပြန်က ဖို့အစီအစဉ် လည်း ရှိနေပါတယ်။ ဟန်ဇာ မိုးဝင်းရဲ့ နှစ်ပါးခွေလည်း မထွက်တာ ကြာခဲ့ပြီဖြစ်ပါတယ်။ မောင်နှမသုံး ယောက်ရဲ့ နှစ်ပါးခွေထွက်လာဖို့ အစီ အစဉ်ရှိလားလို့ မေးတော့..

“အစီအစဉ်ကရှိပါတယ်။ ဒီအတွက် လည်း မိသားစုအစည်းအဝေးလည်း လုပ်ရဦးမယ်။မအားသေးတာလည်း ပါပါတယ်” လို့ ပြောပြပါ တယ်။  သူတို့ ညီအစ်ကိုနှစ်ယောက်ရဲ့ စီးရီးခွေတွေ လည်း ထွက်လာဖို့ရှိပေမယ့် အချိန် အနည်းငယ်တော့ ကြာလိမ့်ဦးမယ်လို့ သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here