ပုသိမ်ကြီးတွင် ငွေကျပ်သိန်း ၂၈၀၀ ကျော် တန်ဖိုးရှိ တရားမဝင် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

0
193

မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်သို့ မူးယစ်ဆေးဝါးထုတ်လုပ်ရန် သယ်ဆောင်မည့် ငွေကျပ်သိန်း ၂၈၀၀ ကျော် တန်ဖိုးရှိ တရားမဝင် ဓာတုပစ္စည်းများ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘိုကျေးရွာအနီးတွင် နိုဝင်ဘာ (၁၀) ရက် ည (၉) နာရီအချိန် မြစ်ငယ်မှ အုန်းချောဘက်သို့ ဇင်မင်းထွန်း မောင်းနှင်လာသော NISSAN DIESEL (၁၂) ဘီးယာဉ်နှင့် ချမ်းသူ မောင်းနှင်၍ ထွန်းလင်း လိုက်ပါလာသော HINO PROFIA ယာဉ်တို့ကို သတင်းအရရှာဖွေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ် (၂) စီးပေါ်တွင် ပီပါ (၁၄၂) လုံး၊ ပလတ်စတစ်ကော်ပုံး (၃၆) ပုံးတို့ဖြင့် ထည့်လျက် တရားမဝင် သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း(၂၈၀၀) ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း Hydrochloric Acid (၃၆၀) လီတာ၊ Sulphuric Acid (၇၂၀) လီတာနှင့် အခြားဓာတုပစ္စည်းများဖြစ်သည့် Benzene (၁၃၆၈၀) လီတာ၊ Ethyl Acet ate (၁၁၅၂၀) လီတာတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဓာတုပစ္စည်းများအား မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်သို့ မူးယစ်ဆေးဝါးထုတ်လုပ်ရန် သယ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့အား ဥပဒေအရ အရေးယူကာ ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here