ဖိလစ်ပိုင်မှာ ပြင်းအား ၆.၇ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၆ ဦးထက်မနည်း ‌ေ-သဆုံး

0
189
This handout photo obtained on November 17, 2023 from the facebook page of Shaira Ann Sandigan-Rodrigo, shows a damaged ceiling at a shopping mall in General Santos City in South Cotabato after a strong magnitude 6.7 earthquake shook the southern Philippines. (Photo by Handout / Shaira Ann Sandigan-Rodrigo / AFP)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၆.၇ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ‌ေ-သဆုံးသူ ၆ ဦးအထိ တိုးခဲ့ကာ နောက်ထပ်နှစ်ဦး ပျောက်ဆုံးနေတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက စနေနေ့(နိုဝင်ဘာ ၁၈) မှာ ပြောဆိုပါတယ်။

ဂျာမန် ဘူမိသိပ္ပံသုတေသနစင်တာရဲ့ အဆိုအရ ငလျင်ဟာ မင်ဒါနာအိုကျွန်းကမ်းလွန်တစ်နေရာကနေ သောကြာနေ့မွန်းလွဲလောက်မှာ လှုပ်ခတ်ခဲ့တာလို့ သိရပါတယ်။

ဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ ဗီဒီယိုဖိုင်တွေမှာတော့ ကြီးမားတဲ့ စျေးဝယ်စင်တာနှစ်ခုအတွင်းရှိ မျက်နှာကျက်တွေ ပြိုကျသွားတာ၊ တိုင်လုံးတွေ လှုပ်ခါနေတာနဲ့လူတွေ အထိတ်တလန့်အော်ဟစ်နေကြတာ တွေ့ရပါတယ်။ ယင်းနောက်မှာတော့ စျေးဝယ်စင်တာနှစ်ခုကို ယာယီပိတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင်ဒေသတွင်းက စာသင်ကျောင်းတစ်ကျောင်း အမိုးပြိုကျသွားခဲ့တာကိုလည်း ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

တောင်ပိုင်း ကိုတာဘာတိုပြည်နယ် General Santos City မြို့ရဲ့ သဘာဝဘေးဆိုင်ရာ အရာရှိချုပ် အက်ဂရီပီနို ဒိုဆီရာက ငလျင်ကြောင့် သူ့မြို့မှာ လူ ၃ ဦး‌ေ-သဆုံးခဲ့တယ်လို့ Reuters သတင်းကို ဖြေကြားခဲ့ပါတယ်။

ငလျင်ဗဟိုချက်အနီးရှိ ဆာရန်ဂါနီပြည်နယ်မှာလည်း အနည်းဆုံး လူနှစ်ဦး ‌ေ-သဆုံးခဲ့သလို ကမ်းရိုးမြို့ ဂလန်မှာ မြေပြို့မှုတစ်ခုအတွင်း ပျောက်ဆုံးနေသူ နှစ်ဦးကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေကြတယ်လို့ သဘာဝဘေး တုန့်ပြန်ရေး တာဝန်ရှိသူတွေက Reuters ကို ပြောဆိုပါတယ်။

ဒါ့အပြင် ဒါဗာအိုပြည်နယ်မှာ အသက် ၇၈ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ကျောက်တုံးနဲ့တိုက်မိကာ ‌ေ-သဆုံးခဲ့ရတယ်လို့ ဒေသဆိုင်ရာ အရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။

Ref/CNA


LEAVE A REPLY

Please enter your comment!
Please enter your name here