ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် အလုပ်သမားရေးရာကိစ္စများနှင့် ပတ်သက်၍ အပြည့်အဝတာဝန်ယူရန် အလုပ်သမားဝန်ကြီးပြော

0
227

ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများ အနေဖြ င့် မိမိတို့ စေလွှတ်လိုက်သည့် အလုပ်သမားများ စတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အချိန်အထိ တာဝန်အပြည့်အဝရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ပြ ည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောသည်။

နိုဝင်ဘာ(၁၆)ရက်က အလုပ်သမားဝန်ကြီးဌာန၊ စုပေါင်းအ စည်းအဝေးခန်းမ၌ ပြုလုပ်သည့် ပြည်ပအလုပ်အကိုင်ဆိုင် ရာလုပ်ငန်းများနှင့်စပ်လျဉ်းသည့် အစည်းအဝေးတွင် ထည့် သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများ အနေဖြ င့် မိမိတို့စေလွှတ်လိုက်သည့် အလုပ်သမားများ၏ သက်ဆိုင်ရာ နိုင်ငံ၏ လုပ်ငန်းခွင်၌ ကြုံတွေ့နေရသည့်အခက်အခဲ၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှု/ သေဆုံးမှုဖြစ်စဉ်များနှင့် ပတ်သက်၍ အလုပ်သမားရေးရာကိစ္စရပ်များ၊ပြဿနာများ၊ ထူးခြားဖြစ်စဉ်များ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက သက်ဆိုင်ရာဌာနများသို့ သတင်းပို့ကာ အလုပ်သမားသံအရာရှိများနှင့်အတူ အချိန်နှင့်တပြေးညီ ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ပေးရန်လည်း ၎င်းကပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ (၃၁) ရက်အထိ လုပ်ငန်းဆောင်ရွက်နေသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ ၄၈၇ ခုနှင့် ထိုင်းသို့ လုပ်သားစေလွှတ်ခွင့် လိုင်စင်ရ အေဂျင်စီ (၁၄၇) ခုရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here