NCA ပြဌာန်းချက်များနှင့်အညီ စစ်ဘေးရှောင်ပြည်သူများကို ခိုလှုံခွင့်ပေးသွားမည်ဟု PNLO အဖွဲ့ချုပ်ဆို

0
172

ကယားပြည်နယ်(ကရင်နီ)ရှိ စစ်ဘေးရှောင်ပြည်သူများအား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ ပြဌာန်းချက်များနှင့်အညီ ၎င်းတို့အခြေပြုဒေသများတွင် ခိုလှုံခွင့်ပေး၍ အကူအညီများပေးအပ်သွားမည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က အသိပေးထုတ် ပြန်ကြေညာထားသည်။

PNLO ၏ ထုတ်ပြန်ချက်တွင် စစ်ရှောင်ပြည်သူများ၏ လုံခြုံရေး၊ စားဝတ်နေရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို NCAပါ ပြဌာန်းချက်များနှင့်အညီ အကူအညီပေးနိုင်ရန် “ကူညီကယ်ဆယ်ရေးအဖွဲ့”များ ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် ဒေသခံပအိုဝ်းပြည်သူများကလည်း စစ်ဘေးရှောင်ပြည်သူများအပေါ် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အလေးထား၍ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်ကြပါရန်တိုက်တွန်းနှိုးဆော်ထားသည်။

“ကျွန်တော်တို့ တောင်ကြီး ဆက်ဆံရေးရုံးကို ဆက်သွယ်လာတာ လက်ရှိအချိန်ထိဆိုရင် စစ်ရှောင်
(၆၀)နီးပါးလောက်ရှိပါပြီ။ ဆီဆိုင်ဘက်က စာရင်းကတော့မသိရသေးပါဘူး။ လူသားချင်းစာနာမှုအကူအညီအတွက် ဘယ်သူမဆို ကူညီပေးနေပါတယ်။ အချို့ ကိုယ်ပိုင်ကားတွေ နဲ့လာတဲ့စစ်ရှောင်တွေကိုတော့ ဆီဆိုင်ရုံးတာဝန်ခံနဲ့ဆက်သွယ်ခိုင်းပြီး စခန်းကိုပို့ပေးပါတယ်။ ဆင်းရဲသားပြည်သူတွေကျတော့ ကျွန်တော်တို့ဆီက ကားတွေနဲ့ ပို့ဆောင်ပေးပါတယ်။ စခန်းကတော့ နောင်ထောင်ကနေ အရှေ့ဘက်တည့်တည့်ကို နာရီဝက်လောက်မောင်းရင် စခန်းကိုရောက်ပါတယ်။ နောင်ထောင်ကနေလည်း စခန်းကိုလှမ်းမြင်နေပါတယ်။”ဟု တောင်ကြီးဆက်ဆံရုံးတာဝန်ခံဗိုလ်ကြီးခွန်ဘီလားက ပေါ်ပြုလာ နယူးစ် ကိုပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here