ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ခရီးသွားအေဂျင်စီများ ခရီးစဉ်လျှော့၍ ရောင်းချမှုများရှိနေဟု UMTA ဥက္ကဋ္ဌ ပြော

0
156

‌ဒေသတွင်း ငြိမ်းချမ်းမှုမရှိ နေသည့်အတွက် ပြည်တွင်းခရီးသွားအေဂျင်စီများအ‌နေဖြင့် ခရီးစဉ်များကို လျှော့ချ၍ ရောင်းချမှုများရှိလာကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

” ဒေသတွင်းက မငြိမ်မသက်ဖြစ်နေတော့ ခရီးစဉ်တွေကို လျှော့ပြီး ရောင်းချလာတာတွေရှိတယ်။ ခရီးသွားကကျသွားနိုင်တယ်။ အခုဆိုရင် ဗီယက်နမ်ကလည်း မြန်မာပြည်ကို လာဖို့လုပ်နေတာတွေရှိတယ်။ ဒါပေမဲ့ ဒီလိုဖြစ်စဉ်တွေကြောင့် မလာနိုင်တော့ဘူးပေါ့”ဟု ၎င်းက ဆိုသည်။

၂၀၂၃ ခုနှစ် လက်ရှိကာအထိ ပြည်တွင်းသို့ ပြည်ပခရီးသွားဝင်ရောက်မှုအခြေအနေမှာ ယခင်နှစ်ထက် ငါးဆခန့်မြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

သို့သော် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ပြည်တွင်းသို့ လာရောက်လည်ပတ်မည့် ပြည်ပခရီးသွားဦးရေ လျှော့ကျလာနိုင်မည့် အခြေအနေများ ရှိနေခြင်းဖြစ်သည်။

ထို့အပြင် အနောက်နိုင်ငံ အချို့အပါအဝင် ဒေသတွင်း နိုင်ငံအချို့ကလည်း မြန်မာနိုင်ငံ၏ လက်ရှိ ပဋိပက္ခများကို ရည်ညွှန်းကာ ခရီးမသွားလာသင့်သော နိုင်ငံအဖြစ် ဖော်ပြပြောဆိုမှုများလည်း ရှိနေခြင်း ဖြစ်သည်။

COVID-19 ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာ ခရီးသွားဧည့်သည် ၄ ဒသမ ၃၆ သန်းကျော်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here