လောက်ကိုင်ရောက် ထိုင်းလူမျိုး ၄၁ ဦးကို နေရပ်ပြန်ခေါ်နိုင်ရေး ခွင်ပြုချက်ရဖို့ထိုင်းစစ်တပ် စောင့်ဆိုင်းနေ

0
294

မြန်မာနိုင်ငံ လောက်ကိုင်မြို့ရှိ တရားမဝင်လုပ်ငန်းတွေကနေ ကယ်တင်ထားခဲ့တဲ့ ထိုင်းလူမျိုး ၄၁ ဦးကို စစ်ဆေးမေးမြန်းနေမှုတွေ အပြီးသတ်ပြီဖြစ်ကြောင်းနဲ့ နောက်ရက်အနည်းငယ်အကြာမှာ သူတို့တွေကို နေရပ်ပြန်ပို့ရေး အတည်ပြု ခွင့်ပြုမိန့်ရမယ်လို့ မျှော်လင့်ကြောင်း တာချီလိတ်ရှိ မြန်မာစစ်တပ်အရာရှိတစ်ဦးက ထိုင်းဘက်ကို အသိပေးပြောဆိုလိုက်တယ်လို့ထိုင်းစစ်တပ်က ဆိုပါတယ်။

ယင်းအရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ Pha Muang တပ်ရင်း Thap Chao Tak တပ်ဖွဲ့မှူး ဗိုလ်မှူးနာတီသွန်ဆင်နဲ့တာချီလိတ် နည်းဗျူဟာ စစ်ဆင်ရေးမှူး ဗိုလ်မှူး သူရဇော်လွင်စိုးတို့ဟာသောကြာနေ့(နိုဝင်ဘာ ၁၇) က တာချီလိတ်ရှိ အကောက်ခွန် စစ်ဆေးရေး ဂိတ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ ယင်းမှာ ထိုင်းနိုင်ငံသား ၄၁ ဦး နေရပ်ပြန်ရေး လုပ်ငန်းစဉ်လွယ်ကူချောမွေ့စေရေး နည်းလမ်းရှာကြံလုပ်ဆောင်နိုင်ရေးတို့ကို ထိုင်းဘက်က ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံသားတွေ နေရပ်ပြန်နိုင်ရေးမှာ နောက်ရက်အနည်းငယ်အတွင်း အထက်က ခွင့်ပြုမိန့် ရဖို့ရှိလောက်တယ်လို့ ဆွေးနွေးမှုအတွင်း ဗိုလ်မှူး နာတီကို မြန်မာဘက်က အသိပေးခဲ့တယ်လို့ဆိုပါတယ်။

ခွင်ပြုမိန့်ရပြီဆိုတာနဲ့သူတို့ကို နှစ်နိုင်ငံနယ်စပ် တာချီလိတ်မြို့သို့ ချက်ချင်းပို့ဆောင်ပေးမှာဖြစ်ကာ ယင်းမှတဆင့် ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် နယ်စပ်မြို့ မယ်ဆိုင်မှာ ဗိုလ်မှူး နာတီတို့အဖွဲ့က လက်ခံသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

Ref/ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here