အမေရိကန်ဖိုက်တာကို အမှတ်ဖြင့် အနိုင်ယူခဲ့သည့် လက်ဝှေ့ကျော် ထွန်းထွန်းမင်း၏ညီ ထွန်းမင်းနိုင်

0
290

မြန့်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်း၏ ညီဖြစ်သူ ထွန်းမင်းနိုင်သည် ယမန်နေ့ည (နိုဝင်ဘာ ၁၇) ရက်ကကျင်းပခဲ့သည့် One Lumpinee (41) ဝမ်းဖိုက်ပြိုင်ပွဲတွင် အမေရိကန်ဖိုက်တာကို အမှတ်ဖြင့် အနိုင်ယူခဲ့ကြောင်း သိရသည်။

ထွန်းမင်းနိုင်သည် အမေရိကန်ဖိုက်တာ Kijani Jackquari နှင့် ယှဥ်ပြိုင်ထိုးသတ်ရာ အကြိတ်အနယ်ရှိခဲ့ပြီး (၃) ချီပြီးဆုံးသည်အထိ အရှုံးအနိုင်မပေါ်ခဲ့သည့်အတွက် ဒိုင်အား လုံး၏ အမှတ်ဖြင့်ဆုံးဖြတ်ရာ ထွန်းမင်းနိုင်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

“အခုထိုးခဲ့တဲ့ အမေရိကန်ဖိုက်တာ ကာဂျာနီနဲ့ ပွဲမှာ ဘာတွေအမှတ်တရဖြစ်ခဲ့လဲဆိုရင် မြန်မာဟေ့ မြန်မာကွဆိုပြီး စင်အောက်က အားပေးသံတွေကို ထိုးနေရင်းနဲ့ အမှတ်မထင် ကျွန်တော်ကြားလိုက်ရတဲ့အချိန် ကျွန်တော့်သွေးတွေ နွေးခဲ့ရတယ် ။ ကျွန်တော့်လက်သီးချက်တွေ ပိုမိုအားပြည့်လာသလို ခံစားရတယ် ။ မိမိတို့ရဲ့ အလုပ်တွေကိုပစ်ပြီး မြန်မာဆိုတဲ့စိတ်နဲ့ ကျွန်တော့်ဆီ တကူးတက လာရောက်အားပေးကြတဲ့ သွေးချင်း မြန်မာပြည်သားအားလုံးကို မမေ့မလျော့ဘဲ လှိုက်လှဲနင့်သီးစွာ ကျေးဇူးတင်နေပါတယ်ဗျာ” ဟု ထွန်းမင်းနိုင်( Sulaiman )က ပြောကြားထားသည်။

ယခုနိုင်ပွဲကြောင့် ထွန်းမင်းနိုင်သည် (၄) ပွဲကစားရာ (၃) ပွဲနိုင် (၁) ပွဲ ရှုံးရလဒ်ကိုပိုင်ဆိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here